Unlockbootloader.exe ကို run လိုက်ပါ။
ပေါ်လာတဲ့ထဲကေ လးကိုပဲနှိပ်ရမယ်နော်။ တခြားဟာတွေကို လုံးဝမနှိပ်မိဖို့ သတိထားပေးပါနော်။ မဟုတ်ရင် ဖုန်းတခုလုံး သုံးလို့ မရ ဖြစ်နိုင်လို့ပါ။
Root ရဖို့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
ကျွန်တော် အောက်မှာ ပြထားတဲ့ လင့်ထဲက တင်ပေးထားတဲ့ unlockbootloader.exe ကို download ဆွဲထားလိုက်ပါ။
ဖုန်းကို ပါဝါဖွင့်ထားပါ။
USB Debugging on ထားပါ။
ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
ခုနက ဒေါင်းထားတဲ့ unlockbootloader.exe ကိုrun လိုက်ပါ။
ဒါဆို program တခု ပေါ်လာပါလိမ့်မယ်
Root ကိုနှိပ်လိုက်ပါ။
ဘာမှထပ်မနှိပ်ပဲ စောင့်နေနော်။
နောက်ဆုံး unlockbootloader.exe ကသူ့မှာသူ ပိတ်သွားလိမ့်မယ်။
ပြီးရင်ဖုန်းကို restart ချလိုက်။
တခါတလေ ဖုန်း boot မှာရပ်နေတတ်တယ်။
ဘာမှမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့။
Baterry ဖြူတ်လိုက်။ ပြီးရင် ပြန်တပ်ပြီး power ဖွင့်လိုက် ရသွားလိမ့်မယ် ဗျာ။ ဖုန်းတက်လာရင် ကြည့်လိုက်ပါ ခင်ဗျားတို့ မြင်ချင်တဲ့ Super User ကိုတွေ့ရပြီး root လုပ်ပြီးသွားသော ဖုန်းတလုံးကို ပိုင်ဆိုင်လို့ရသွားပြီ။
မြန်မာဖောင့်ထည့်ချင်ရင်တော့ မြန်မိုဘိုင်း app စတိုးမှာ တင်ထားတဲ့ font changer နဲ့ တင်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ် အခု အာက်မှ ဒေါင်းဖို့ လင့်တွေ လုပ်ပေးထားပါတယ် ခင်ဗျာ
http://www.mediafire.com/?m28766pxgyxdx1d,cbyx65lrua7h2h8 အဲ့လင့်မှာ unlockbootloader.exe ဖိုင်နဲ့ MMAS က fontchanger ကိုတင်ပေးလိုက်ပါတယ်။
ဖုန်းပိုင်ရှင်မှာ အဆင်ပြေစွာ root နဲ့ မြန်မာဖောင့် သွင်းနိုင်ကြပါစေ ..MMUG မှ ကိုဇေယျာလင်း(Kyat Ka Lay)၏ ပို့ ကို ကူးယူဖေါ်ပြပါသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.