ဒါကတော့ ကျနော်လက်ရှိသုံးနေတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ် တူညီတဲ့ဘော်ဒါတွေလည်းရှိချင်ရှိမှာပါ သို့သော် ဘယ်လို Root လုပ်ရမလဲဆိုမသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးရှာဖွေပြီးပြန်လည်မျှဝေလိုက်တာပါ အဆင်ပြေပါစေလို့လည်းဆုတောင်းပါတယ်။
ကဲ..စလိုက်ကြရအောင်
Samsung GT-S 6102 ကို root မလုပ်ခင် မိမိဖုန်းထဲက အရေးကြီး data များကို backup ပြုလုပ်ထားပါ..။ ဆက်လက်ပြီး root လုပ်ဖို့အတွက် အောက်က link မှာပါတဲ့ file ကို အရင် download ရယူပါ..။
ရလာတဲ့ update.zip file လေးကို ဖုန်းရဲ့ SD Card ထဲကို ကူးထည့်လိုက်ပါ..။
Power ပိတ်လိုက်ပါ..။
ပြီးရင် ဖုန်းမှ (Power + Volume Up + Home) ခလုပ်သုံးခုကို sgy duos logo ပေါ်လာတဲ့အထိ တွဲနှိပ်ထားပေးပါ..။
Recovery Mode သို့ရောက်သွားပါလိမ့်မယ်..။ install zip from SD card ထဲကနေ ကိုယ်သွင်းထားတဲ့ update.zip file လေးကိုရွေးပေးလိုက်ပါ..။
(Recovery Mode မှာ touch screen ဟာ အလုပ်မလုပ်တဲ့အတွက် Volume +,- ခလုပ်တွေကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်..။)
Phone reboot ပြန်တက်လာရင် ဖုန်းထဲမှာ superuser icon လေးကို မြင်ရမှာဖြစ်ပြီး root လုပ်ပြီးသားဖုန်းတစ်လုံးကို သင်ပိုင်ဆိုင်ပါပြီဗျာ…။

Post a Comment

 
Top