Myanmar Mobile Application Store မှ member များအတွက် Google Play ကို မြန်မာနိုင်ငံမှဝင်နည်း (၃) ကိုထပ်မံတင်ဆက်လိုက်ရပါတယ်။
ဒီနည်းလမ်းကိုလည်း သေချာစမ်းသပ်ပြီးမှတင်ထားတာကြောင့် အောက်မှာပြောထားတဲ့အဆင့်တွေအတိုင်းလုပ်မယ်ဆိုရင် Google Play ကိုဝင်နိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ အဆင့်(၆)ခုပဲရှိပါတယ်။
(၁)မိမိရဲ့ Android ဖုန်းဟာ root ပြုလုပ်ပြီးဖြစ်ရပါမယ်။ root မလုပ်ရသေးသူများ မိမိတို့ဖုန်းနှင့်သက်ဆိုင်ရာ root လုပ်နည်းများကို အောက်က link မှာဖတ်ရှုပါ။

Android ဖုန်း root လုပ်နည်းများ

(၂)Google Play ဆော့ဝဲမပါသေးတဲ့ Android ဖုန်းတွေမှာ Google Play ဆော့ဝဲကိုသွင်းထားရပါမယ်။ Google Play ဆော့ဝဲမသွင်းရသေးသူများ အောက်က link ကနေရယူပါ။

Google Play v3.5.19 for Android အားရယူရန်

(၃)မြန်မာပြည်ကနေ Google Play ကိုဝင်လို့ရအောင် Google Play နဲ့တွဲဖက်အသုံးပြုရမယ့် ဆော့ဝဲဖြစ်တဲ့ Market Unlocker Pro v1.2.4 (Full version) ရှိရပါမယ်။ Market Unlocker Pro v1.2.4 ကိုအောက်က link ကနေရယူပါ။

Market Unlocker Pro v1.2.4 (Full version) for Android အားရယူရန်

(၄)Google Play ကိုမြန်မာပြည်ကနေ၀င်လို့ရအောင် Market Unlocker Pro နဲ့ တွဲဖက်အသုံးပြုရမယ့် ဆော့ဝဲဖြစ်တဲ့ Droid VPN ရှိရပါမယ်။ Droid VPN for Android ကိုအောက်က link ကနေရယူပါ။

Droid VPN for Android အားရယူရန်
(၅)Google Play ကို ဖုန်းထဲကနေ၀င်မှာဖြစ်တဲ့အတွက် ဖုန်းမှာအသုံးပြုနေတဲ့ အင်တာနက်ကွန်နက်ရှင်ဟာ 3G (EVDO or EDGE) , Fiber internet connection ဖြစ်ရပါမယ် ။ ADSL လို proxy ထည့်ရတဲ့ အင်တာနက်လိုင်းမှာအဆင်မပြေပါဘူး။

(၆)မိမိရဲ့ Gmail Account ကိုဖုန်းထဲမှာ ထည့်ထားရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ gmail account ကိုဖုန်းထဲကိုထည့်နည်းကတော့ အရင်ဆုံးဖုန်းမှာအင်တာနက်ကွန်နက်ရှင်ဖွင့်ထားပါ။ ပြီးလျှင် ဖုန်းရဲ့ setting > Accounts & Sync ထဲကိုဝင်ပြီး Add account ကိုနှိပ်ရပါမယ်။ ပြီးရင် Google ကိုနှိပ်ပြီး ကိုယ့်ရဲ့ gmail account ကို add ၍ sign in လုပ်ထားရမှာပါ။
အပေါ်ကအဆင့်(၆)ဆင့်ကိုပြုလုပ်ပြီး / ပြည့်စုံပြီဆိုရင်တော့ ဖုန်းမှာအင်တာနက်ဖွင့်ထားရင်ခဏပိတ်ထားလိုက်ပါ။
ပြီးလျှင် Market Unlocker Pro ကိုဖုန်းထဲမှာ install လုပ်လိုက်ပါ။ (Google Play apk ကိုတော့ ဖုန်းထဲမှာရှိပြီးသားဆိုရင် ထပ်သွင်းစရာမလိုတော့ပါဘူး။ )
အခုသွင်းလိုက်တဲ့ Market Unlocker Pro ဆော့ဝဲထဲသို့ဝင်ပါ။ အောက်မှာပြထားတဲ့ပုံထဲကအတိုင်း Enable Unlocker နဲ့ Auto Unlock ခလုတ်နှစ်ခုကို “On” ပေးပါ။




ပြီးလျှင် Screen ကို ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်ပါ။ အောက်မှာပြထားသောပုံအတိုင်း Proxy ကဏ္ဍသို့ရောက်သွားပါမယ်။ ဒီအဆင့်ဟာအရေးကြီးပါတယ် ။ အောက်ပုံမှာပြထားတဲ့အတိုင်း Enable Proxy ကို “Off” လုပ်ထားပါ။


ပြီးလျှင် Droid VPN for Android ကိုဖုန်းထဲမှာ install လုပ်လိုက်ပါ။
ပြီးလျှင် ကွန်ပျူတာထဲကနေ အောက်မှာပေးထားတဲ့ website address မှာ free account တစ်ခုလုပ်ရပါမယ်။
http://droidvpn.com/signup.php
အောက်မှာပြထားတဲ့အတိုင်း account လုပ်လိုက်ပါ။



Account လုပ်ပြီးသွားပြီဆိုရင် မိမိရဲ့ အီမေးလ်ထဲသို့ User name နဲ့ password ပေးပို့လာပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။


ပြီးရင်ခုနကဖုန်းထဲမှာသွင်းထားတဲ့ Droid VPN ဆော့ဝဲထဲသို့ဝင်ပါ။ အောက်ပုံအတိုင်း စောစောက မိမိရဲ့ အီးမေလ်းထဲသို့ ပို့လာသော username နဲ့ password ကို ဆော့ဝဲရဲ့ user name နဲ့ password နေရာတွင်ထည့်ပေးပြီး Start Button ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




Upgrade Account လုပ်၇န် Warning Box ပေါ်လာပါက Upgrade Later ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



ပြီးရင် Droid VPN ဆော့ဝဲထဲကနေထွက်ပြီး ဖုန်းရဲ့ setting > Applications > Manage Applications ထဲကိုဝင်လိုက်ပါ။ ဖုန်းထဲမှာသွင်းထားတဲ့ application တွေအကုန်ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Google Play ကိုရှာပြီး Google Play Store ဆိုတာကိုတွေ့ရင် အဲဒီထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း “Clear Data” ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


ပြီးလျှင် setting ထဲမှပြန်ထွက်ပြီး ဖုန်းရဲ့ 3G ကွန်နက်ရှင်သို့မဟုတ် Wifi ကွန်နက်ရှင်တစ်ခုခုနဲ့ချိတ်ဆက်ထားပါ။ ပြီးလျှင် ဖုန်းထဲမှာသွင်းထားတဲ့ Google Play ဆော့ဝဲထဲသို့ဝင်ပါ။ အောက်ပုံအတိုင်း welcome setup screen ပေါ်လာပါလိမ့်မယ်။ Continue ကိုနှိပ်ပါ။


အောက်ပုံထဲကအတိုင်း Loading စတင်လုပ်ပါလိမ့်မည်။ (Google Play သို့စတင်ဝင်ရောက်သူများအနေဖြင့်ဒီအဆင့်မှစ၍ Connection မကောင်းသည့်အချိန်များတွင် Connection timeout ခဏခဏဖြစ်တတ်ပါတယ်။ ထိုကဲ့သို့ဖြစ်လာပါက Retry ခလုတ်ကိုသာနှိပ်ပေးပါ။ )


အောက်ပုံမှာပြထားတဲ့အတိုင်း Google Play Agreement text box ပေါ်လာပြီဆိုရင်တော့ Google Play Market ထဲသို့ရောက်ရှိဖို့ ၉၇ ရာခိုင်နှုန်းခန့်အောင်မြင်သွားပြီလို့ ဆိုလို့ရပါပြီ။ “Accept” ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



အောက်ပုံထဲကအတိုင်း Loading ခဏမျှလုပ်ပါလိမ့်မည်။ (Proxy ကျော်သုံးထားခြင်းဖြစ်သဖြင့် ဒီအဆင့်တွင် Connection မကောင်းသည့်အချိန်ဖြစ်ပါက Connection timeout ခဏခဏဖြစ်တတ်ပါတယ်။ ထိုကဲ့သို့ဖြစ်လာပါက Retry ခလုတ်ကိုသာနှိပ်ပေးပါ။ )



ကဲ… အခုဆိုရင်တော့ အောက်ပုံထဲကအတိုင်း Google Play သို့အောင်မြင်စွာဝင်ရောက်သွားပြီဖြစ်ပါတယ်။




ဒီနည်းလမ်းက Google Play ထဲသို့ဝင်လို့လည်းရပြီး Google Play ထဲက app,game များကိုလည်း download လုပ်နိုင်ပါတယ်။
မြန်မာ Mobile Application Store မှ member များလည်း အပေါ်မှာပြောခဲ့တဲ့ step များအတိုင်းသေချာလုပ်ဆောင်ကြည့်ရင် Google Play သို့အဆင်ပြေပြေ၀င်ရောက်နိုင်ပါလိမ့်မယ်။ Proxy ကျော်ပြီးမှ ၀င်ေ၇ာက်ထားတာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းတဲ့အချိန်များမှာ Google Play သို့ဝင်နေရင်းနဲ့
“Connection timeout” ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီအခါကျရင် “Retry” ခလုတ်ကိုသာနှိပ်ပေးပါ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Thet Naing Soe
(Myanmar Mobile Application Store)
myanmarmobileapp@gmail.com

Post a Comment

 
Top