Friday, January 18, 2013

Huawei ဖုန်းတော်တော်များများကို Root လုပ်နိုင်တယ်



ဒီနည်းကတော့ Android Version 2.3 နှင့်အထက် Huawei ဖုန်းတော်တော်များများကို Root လုပ်နိုင်တယ်လို့ သိရပါတယ်...


ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့ Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..

ဒီနည်းကို သုံးဖို့ ပထမ ဆော့ဝဲတစ်ခုကို အရင်ဒေါင်းထားဖို့လိုပါတယ်...
အဲဒီဆော့ဖ်ဝဲလ်ကို ဒီမှာ.. အရင်ဒေါင်းလိုက်ပါ...

1.ဖုန်းကို Power ပိတ်လိုက်ပါ
2.Volume (+)ခလုတ်ကိုဖိထားရင်း Power ခလုတ်ကို ၁၀စက္ကန့်လောက်တွဲနှိပ်ထားရင် Boot Loader ကိုရောက်နေပါလိမ့်မယ်... လိုဂိုမှာရပ်နေပါတယ်..
3. ကွန်ပျူတာမှာ အခုဒေါင်းလို့ရထားတဲ့ ဖိုင်ကိုဖြည်ထားတဲ့အထဲက install-superrecovery-windows ကိုဖွင့်လိုက်ပါ
4.ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။ စောစောကလုပ်နေတဲ့ တန်းလန်းကြီးအလုပ်တွေ သူဘာသာလုပ်သွားပါလိမ့်မယ်
5.လုပ်ဆောင်ချက်တွေပြီးလို့ ၁၀စက၁က္ကန့် (တကယ်ဆို ၁၅စက၁ကန့်လောက်ကြည့်နေရသေးတယ်)ကြာရင် ဖုန်းကို power ပိတ်၊ ဓါတ်ခဲကို ထုတ်ထားပြီး ၅စက္ကန့်လောက် နေရင် ဓါတ်ခဲကို ပြန်ထည့်လိုက်ပါ
6.ပြီးရင် Volume(+) ခလုတ်နဲ့ Power ခလုတ်ကို တွဲနှိပ်ထားလိုက်ပါ... recovery menu ပေါ်လာတဲ့အထိ တွဲနှီပ်ပေးရပါမယ်...
7.recovery menu ပေါ်လာတဲ့အခါ အပေါ်ဆုံးကဟာကို နှိပ်လိုက်ပါ....
8.Restart ကျသွားပြီး ပြန်တက်လာရင် Root လုပ်လို့ ပြီးပါပြီခင်ဗျာ....

အဆင်ပြေပါစေ...

Huawei Driver
 Super Root Software

No comments:

Post a Comment