Android device တွေအတွက် လက်ရှိအသုံးပြုနေတဲ့ Gmail Account အကို အသုံးမပြုချင်တဲ့

အခါအခြားမိမိအသုံးပြုနေတဲ့ Android apps တွေမပျက်ဘဲ၊ Factory reset ချစရာမလိုဘဲ Gmail 
account ဖျတ်နည်းလေးပါ။ Gmail မှာ အကိုတစ်ယောက်မေးထားတာလေးကို ကျွန်တော်ရှာရှာဖွေ
ဖွေနဲ့ ဒီ Post လေးကို မျှဝေလိုက်ပါတယ်ဗျာ။
Credit to>>> MMApp 
အခု အောက်မှာ ပြထားတဲ့ နည်းလမ်းလေးက Root လုပ်ထားတဲ့Android device အတွက်ပဲ အသုံးပြုလို့ရမှာပါ။
 

Android device အတွက် Factory reset မချပဲ Gmail account ဖျတ်နည်း 

Root Explorer v 2.7 အားရယူရန်

အဆင့် ၁ :

Android device မှာ ပထမဆုံး Root လုပ်ထားဖို့လိုပါတယ်။
အဆင့် ၂ :
Root explorer ကိုဖွင့်ပြီး
/data/system/
ထဲက file : accounts.db
ကိုရှာပါ။
အဆင့် ၃ :
( accounts.db ) file ကို
delete လုပ်ပါ။
အဆင့် ၄ :
Android device ကို Reboot ချပါ။
အဆင့် ၅ :
Android device ပြန်တက်လာပြီဆိုလျှင်
မိမိဖျတ်လိုက်သော gmail account ကို
ဖျတ်ပြီးသွားပြီ ဖြစ်တဲ့အတွက်
အခြား gmail account အသစ်ကို ထည့်ပြီးအသုံးပြုလို့ရပါပြီ။
လိုအပ်တဲ့သူများအတွက် အသုံးဝင်ကြမယ်ထင်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်။

မှတ်ချက်။ ဒီပို့စ်လေးကိုကြိုက်လို့ အကိုသီဟဇော်ရဲ့ဆိုက်မှာပြန်လည်မျှဝေပါသည်။

Post a Comment

 
Top