အခု ပြောပြမှာကတော့ root လုပ်ထားထား မထားထား CWM recovery တင်ထားရုံနဲ့ Frozen keyboard ကို factory reset ချတောင် မပျောက်အောင် ထည့်နည်း ဖြစ်ပါတယ်။ ဒီ zip ဖိုင်လေး လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Android ဖုန်းကို ကျွမ်းကျင်စွာ မသုံးတတ်သေးသည့် User တွေမှာ ဖြစ်လေ့ ဖြစ်ထရှိသည့် Frozen keyboard ကို မှား၍ ဖျက်မိခြင်း ၊ factory reset ချလိုက်၍ keyboard ပျက်သွားခြင်းကြောင့် ဆိုင်ပြန်ပြေးရခြင်း၊ အဲဒီအခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်ပါတယ်။ 

DOWNLOAD


၁။ CWM သွင်းရမည်။

Android ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။


၂။ ကီးဘုတ်ထည့်နည်း


CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်း ကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > FrozenKeyboardByHtayHlaingOo.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာကို ရေးနိုင်တဲ့ Frozen keyboard ကို factory reset ချတောင်မပျောက်ပဲ ဖုန်းထဲမှာရှိနေပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ.......

http://androidtutorialcollection.blogspot.com/2012/10/root-frozen-keyboard-factory-reset.html
19 Dec 2012

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top