By ဒီဗွီဘီ
19 December 2013

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ဟာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် မိုဘိုင်းဖုန်း ဆင်းကတ် လိုင်းပေါင်း နောက်ထပ် ၁ သန်းကို လာမယ့် ၂၀၁၄ ဇန်န၀ါရီကနေ စတင်ရောင်းချ ပေးသွားမယ်လို့ ကော်ပိုရေးရှင်းတာဝန်ရှိသူ ၁ ဦးက အတည်ပြုပြောဆိုပါတယ်။

လက်ရှိ ရောင်းချမှု ပုံစံအတိုင်း ဆင်းကတ်တခု ကျပ် ၁၅၀၀ သတ်မှတ်ထားပြီး ၁ လကို ဆင်းကတ် ၃ သိန်းခွဲနှုန်း ဖြန့်ဖြူးရောင်းချသွားမယ်လို့ သူက ပြောပါတယ်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(အမ်အီးစီ)ဟာ ၂၀၁၃ ဧပြီလကစ ၁ လ ဆင်းကဒ် ၃ သိန်းခွဲနှုန်းနဲ့ ဆင်းကတ်ပေါင်း ၁ သန်းကျော် ရောင်းချခဲ့ပါသေးတယ်။ နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးက ဂျီအက်စ်အမ် ဆင်းကတ်တွေ ဖြန့်ဖြူးနေချိန် တရုတ် ZTE ကုမ္ပဏီနဲ့ ပေါင်းပြီး လိုင်းသစ်တိုးချဲ့ တပ်ဆင်နိုင်အောင် တည်ဆောက်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တပ်ဆင်ပြီးသား မိုဘိုင်းဖုန်း လိုင်းပေါင်း ၆ သန်း ၀န်းကျင်လောက်ရှိကာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ မိုဘိုင်းဖုန်း အသုံးပြုနိုင်သေးပြီး အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။

DVB
 credit:  ခေတ်သတင်း

Post a Comment

 
Top