Image result for Huawei Qualcomm Board firmware Analysis
Qualcomm SOC သုံးထားတဲ့ Huawei ဖုန်းတွေကို ခုနောက်ပိုင်း ဖန်းဝဲတင်ရင် ဘာလာလာ Board firmware ဆိုတာချည့်ပဲ Build Number မြင့်တာနိမ့်တာကို ဂရုစိုက် မဒေါင်းတော့တာ တွေ့နေရလို့ . အထဲမှာ ဘာတွေပါ လဲ ကြည့်ကြည့်မိတာလေးပါ ။
Huawei Board Firmware တင်တော့မယ်ဆို လိုအပ်တာတွေက -
1. Board Firmware
2. Huawei Qualcomm Bootloader Fastboot Multidownload Tool
(or) Tool studio (or) Other Qualcomm Tools
3. Qualcomm Download Mode (Qualcomm HSUSB Qdloader 9008 )
Firmware တင်နည်းက လူတိုင်းသိပြီးသာ ဖြစ်မှာပါ ။ Flash Tool ဖွင့်မယ် ။ Firmware ရွေးမယ် ။ Download Mode နဲ့ ချိတ်ပြီး တင်မယ် ။ ဖုန်းတိုင်းအဲ့တာပဲ ။
Qdloader Mode ဝင်နည်းကလဲ လွယ်ပါတယ် ။ အခုဆို Xiaomi Qualcomm Jigg တွေတောင် ဝယ်လို့ရနေပြီ ။ အဲ့တာလေးထိုးပြီး ဝင်လိုက်ရင် ရပါလိမ့်မယ် ။ ရချင်တဲ့အလုံးတွေပေါ့ :D
အခုအဓိက ပြောချင်တာက Board firmware ထဲမှာပါတဲ့ ဖိုင်တွေအကြောင်း ပါ ။
Huawei Qualcomm Board Firmware တစ်ခုမှာ အပိုင်း (၃) ပိုင်းပါပါတယ် ။
1. xml ဖိုင်
2. Bootloaderimage ဖိုဒါ
3. Fastbootimage ဖိုဒါ
1. xml ဖိုင်
--------------
Board Firmware တင်မယ်ဆိုရင် Flash Tool ကနေ xml ဖိုင်လေးကို ရွေးပေးလိုက်ရုံပါပဲ ပြီးရင် Download ခလုပ်ကို နှိပ်ပေါ့ ။ Flash Tool ကနေ xml ဖိုင်ကို လှမ်းဖတ်မယ် ပြီး ရင် ဘယ် ဖိုင်က ဘယ် address ကိုသွား ၊ ဘယ်ဖိုင်က ဘယ်နေရာကိုသွား ၊ ဘယ်ကွန်မန်းကိုသုံး ဆိုပြီး ရေးထားတာပါ ။ xml ဖိုင်ကို note pad နဲ့ ဖွင့်ကြည့်ပြီး ဖတ်ကြည့်လို့ရပါတယ် ။ ပြင်ချင်ရင် ပြင်လို့ရပါတယ် ။
2. Bootloaderimage ဖိုဒါ
---------------------------------
သူ့ထဲမှာက ဖိုင် (၂) ဖိုင်ပါပါတယ် ။ ပုံမှာ တစ်ချက်ကြည့်ကြည့်ပါ ။
a. MPRG8x10.mbn
b. 8x10_msimage,mbn
Huawei Board FIrmware တင်ရင် အဆင့် (၂) ဆင့် နဲ့သွားပါတယ် ။ အဆင့် ၁ က downloading bootloader ဆိုတဲ့ အဆင့်ပါ ။ flashtool မှာ 40% အထိ ဒီအဆင့်ပါ ။ ဒီအဆင့်မှာ အပေါ်က ဖိုင် (၂) ဖိုင်ကို ဖုန်းရဲ့ memory ထဲကိုသွားထည့်ပါတယ် ။ အသေးစိတ် ပြောရရင် -
a.MPRG8x10.mbn ဆိုတဲ့ ဖိုင်ကို EMMC Flash Programmer လို့ခေါ်ပါတယ်။ အလားတူ ဖိုင်တွေရှိပါသေးတယ် ။
NPRG = Nand Flash Programmer
APRG = NOR Flash Programmer
ARMPRG = (ဒါတော့ ဘယ်နေရာသုံးလဲ မသိပါဘူး )
9008 Mode မှာထားပြီး Download ကို နှိပ်လိုက်တာနဲ့ MPRG ဖိုင်ကို memory address ရဲ့ 0x2a000000 မှာ သွားပို့တယ် ။ သူက emmc ကို ပြန်ပြီး programming လုပ်ဖို့ ပြင်ဆင်ပေးတယ် ။ ပြီးရင် MPRG ဖိုင်ကို Execute (Run) ပြီး msimage ဖိုင်ကို emmc ပေါ်မှာ စရေးပါတယ် ။
b. msimage ဆိုတဲ့ ဖိုင်က bootloader ဖိုင်ပါ . bootloader ဆိုတဲ့အတိုင်းပဲ ဒီဖိုင်ပေါ်မူတည်ပြီး ဖုန်းက ဘယ် Mode ကို ဝင်မှာလဲ ။ ဒီဖိုင်ပေါ်မူတည်တယ် ။ Huawei Board Firmware , တစ်ချို့ Xiaomi Qualcomm Firmware တွေမှာသုံးတဲ့ msimage က fastboot mode ကို ဝင်ပေးမယ့်ဖိုင်တွေ ။ အဲ့တာကြောင့် ဒီ ဖိုင်ကို ထည့်ပြီးတာနဲ့ ဖုန်းက fastboot mode ကို ရောက်သွားလိမ့်မယ် ။ တစ်ချို့ coolpad တွေမှာ သုံးတာက 9006 mode ကို ပြောင်းတဲ့ဖိုင်တွေ ။ နဲနဲ သဘောပေါက်မလား မသိ :D
a.MPRG ရယ် b.msimage ရယ် မရှိရင် သေနေတဲ့ Qualcomm ဖုန်းတစ်လုံး qdloader ကနေ ပြန် နှိုးလို့မရဘူး ။ qdloader ကနေ ပြန် နှို့းချင်ရင်လဲ အဲ့ ၂ ဖိုင်ရှိရင် ရနိုင်တယ် လို့ ပြောလဲပြောချင်တယ် ။ ပြောလဲ မပြောရဲဘူး :D
အစက ပြန်ကောက်ရရင် 9008 ဝင်မယ် ။ Download ခလုပ်ကို နှိပ်လိုက်မယ်ဆိုရင် MPRG ဖိုင်က emmc ကို programming ပြန်လုပ်ခိုင်းမယ် ။ msimage က bootloader mode ကိုဝင်မယ် ။ ဒီအဆင့်ထိရောက်ပြီ ။
3. fastbootimage ဖိုဒါ
-----------------------------
သူ့ထဲမှာက ဘာပါလဲဆိုတော့ partition image ဖိုင်တွေပါ ။ အပေါ်က အဆင့် တွေ အလုပ်ကောင်းကောင်းလုပ်လို့ bootloader (fastboot) mode ကို ရောက်သွားပြီဆိုရင် emmc ကို အရင်ဆုံးရှင်းပလိုက်တယ် ။
fastboot oem erase_emmc
ပြီးရင် partition ဖိုင်ထည့်တယ် ။
fastboot flash partition gpt_both0.bin
ပြီးမှ ကျန်တဲ့ partition image ဖိုင်တွေကို fastboot ကနေ တစ်ဖိုင်ချင်း ထုံးစံအတိုင်း flash တယ် ။
အကုန်ပြီးသွားရင် factory mode ရောက်တယ် ။ update.app firmware ပြန်တင်ပေးရတယ် ။ ပြီးရင်တော့ imei မပါ noti bar မပါပဲ တက်လာတယ်ပေါ့ :D ။ ထားပါ အဲ့တာက နောက်ပြသနာ ။ စမ်းကြည့်ပေါ့ update.app ပြန်တင်ရမှာပျင်းရင် fastboot folder ထဲမှာ update.app ထဲက image တွေသွားထည့်တာမျိုး ဘာညာ ^_^ ။ စဉ်းစားစရာတွေလဲရှိသေးတယ် ။ အရင်က flash လို့မရတဲ့ partition တွေ အခုကျ flash လို့ရနေရော :D ။ ဆက်ရေးရင် စာက အရှည်ကြီးဖြစ်တော့မှာမို့ ဒီလောက်ပဲဗျ ။






No automatic alt text available.
 Image may contain: text




C r e d i t - M3 Mobile Phone Professional Training & Service
Next
This is the most recent post.
Previous
Older Post

Post a Comment

  1. Gdax is one of the trusted and acknowledged digital wallet used for storage to keep it safe from getting stolen. Are you unsure which wallet Gdax uses? In order to clear your doubts, you can get in touch with the professionals by dialing Gdax Support Number 1-888-764-0492 which is available all the time. You can always look for the aid from the reliable team of experts who deliver all their energy in satisfying users and fixing their queries in microseconds.

    ReplyDelete
  2. Learn How to Win At Baccarat - FBCASINO
    Baccarat is a game of luck and luck. It's played by two people. The two of us play a popular casino game. 안전한 바카라 사이트 The player bets on the banker

    ReplyDelete

 
Top