Android Debug Bridge [ ADB ] ဆိုတာ
google က ထုတ်လုပ်တဲ့ Android OS အခြေပြု Device တွေကို PC ပေါ်ကနေ
ထိန်းချုပ် အမိန့်ပေးနိုင်ဖို့ google က ထုတ်လုပ်ဖြန့်ချီထားတဲ့
command line Tool တစ်ခုပါပဲ Window PC သာမက အခြား Linux OS နဲ့ MAC OS တွေပေါ်မှာလည်း အသုံးပြုဖို့ထုတ်လုပ်ထားပါတယ် ကျနော်ကတော့ခု Window PC ပေါ်မှာ ADB ကို ဘယ်လုံးအသုံးပြုရသလဲရှင်းပြပေးပါမယ်
အခြား Window အခြေပြု Application တွေလို ကလစ် ၂ ချက်ခေါက်ပီးအသုံးပြုလို့မရပါဘူး command line tool ဖြစ်တဲ့အတွက် command prompt ကနေပဲ သုံးလို့ရပါတယ်
Window PC ပေါ်က နာမည်ကြီး Andoid PC Suit တော်တော်များများဟာအဲ့ဒီ adb command တွေကိုပဲ သုံးစွဲပီး Android Device တွေကို ထိန်းချုပ်ကြတာပါ
Application တွေသွင်းတာ ပြန်ဖြုတ်တာ backup ယူတာ restore လုပ်တာ
pattern Lock တွေ password lock တွေဖြုတ်တာ root access ရယူတာ အစရှိတဲ့လုပ်ငန်းစဉ်တော်တော်များများမှာ adb အသုံးပြု command တွေနဲ့ခိုင်းစေလို့ရပါတယ် ပိုမိုရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေလုပ်မယ်ဆိုရင်တော့
Linux အခြေပြု command တွေပါ နားလည်ထားမှ လုပ်ဆောင်လို့ရပါမယ်
Android Device တွေကို Window PC ကနေ သိရှိဖို့ ဆိုရင်
google U.S.B Driver လိုအပ်ပါတယ်
[ Driver သွင်းနည်းကိုတော့ Driver Manually Install လုပ်နည်းသင်ခန်းစာမှာဖတ်ပေးပါ ]
နောက်ထပ်
adb.exe
AdbWinApi.dll
AdbWinUsbApi.dll
fastboot.exe ဆိုတဲ့ ဖိုင် ၄ ဖိုင်လိုအပ်ပါတယ်
အထက်ပါဖိုင်လေးဖိုင်ကို Folder အလွတ်တစ်ခုထဲကူးထည့်လိုက်ပါ
အဲ့ဒီ ဖိုဒါရဲ့ နေရာအတွက်တစ်နေရာကို ကလစ်ထောက်ပီး
PC Keyboard က Shift Key ကို ဖိထားပီး Right Click ခေါ်လိုက်ပါ
Open command window here ဆိုတဲ့နေရာလေးရွေးလိုက်ပါ command prompt [ CMD box ] လေးတက်လာပါလိမ့်မယ်
အဲ့ဒီ command box ထဲမှာ adb help လို့ရိုက်ပီး Enter ခေါက်ပေးပါ
ဒီနေရာကနေ တစ်ခါတည်းပြောခဲ့ချင်တာက command တစ်ကြောင်းပီးတိုင်း အဲ့ဒီ command ကို အလုပ်လုပ်စေဖို့ [ execute လုပ်စေဖို့ ] Enter ခေါက်ပေးရပါတယ် Enter မခေါက်ပဲ ထိုင်စောင့်နေတဲ့လူတွေ တွေ.ဖူးလို့ပြောတာပါ
အပေါ်က ပုံထဲမှာပြထားသလို adb command help document ကျလာပီဆိုရင် adb command တွေ စသုံးလို့ရပါပီ
adb kill-server
command box ထဲမှာ adb kill-server လို့ရေးပီး Enter ခေါက်ပေးပါ
တစ်ကယ်လို့ adb.exe နိုးနေပီးသားဖြစ်ရင် server kill လုပ်လိုက်တာပါ
adb start-server
adb server ကို ပြန်နှိုးတာပါ အလုပ်လုပ်ဖို့စတင်လိုက်တာဖြစ်ပါတယ်
* daemon not running. starting it now on port 5037 *
* daemon started successfully *
အစရှိတဲ့စာသားတွေတက်လာပါမယ် အားလုံးပုံမှန်ပါပဲ
"adb server didn't ack * failed to start daemon"
အစရှိတဲ့ error တွေတက်နေရင်တော့ အခြား adb အသုံးပြု Application တွေ run နေလို့ဖြစ်နိုင်ပါတယ်
Android Root Tool တွေ Android PC Suit တွေပိတ်ပေးပါ
မရသေးရင်တော့ Window ရဲ့ Task Manager ကနေ
adb
ShuameDaemon
Android debug bridge
အစရှိတဲ့ process တွေ run နေတာရှိရင် End Task လုပ်ပေးလိုက်ပါ
adb devices
ပထမဆုံး adb command ပါပဲ PC မှာ adb driver သွင်းပီးပီ Phone မှာလည်း USB debugging ဖွင့်ထားပီးပီ
adb service လည်းအလုပ်ကောင်းကောင်းလုပ်နေပီဆိုရင်
List of devices attached
84f28847 device
ဆိုတဲ့စာသားမျိုးပေါ်လာပါမယ် ခုဆိုရင်
84f28847 ဆိုတဲ့ serial Number နဲ့ Android Device တစ်ခုချိတ်ဆက်ထားပီလို့ သိရှိနိုင်ပါတယ် တစ်ကယ်လို့ Device ၂ ခုချိတ်ထားမယ်ဆိုရင်တော့ serial number ၂ ခုနဲ့ အထက်အောက်ပြပေးပါလိမ့်မယ် တစ်ကယ်လို့ Android Device ရဲ့ version က 4.2.2 နဲ့ အထက်ဖြစ်နေမယ်ဆိုရင် မိမိဖုန်းရဲ့ Screen မှာ PC က adb ကို သုံးဖို့ ခွင့်တောင်းတာကို ခွင့်မလား မပြုဘူးလားဆိုမေးတဲ့
Allow USB debugging?
ဆိုတဲ့ Message Box တစ်ခုတက်လာပါလိမ့်မယ်
Always allow from this computer ကို အမှန်ခြစ်ပေးပီး OK ရွေးပေးလိုက်ပါ
ပီးပီဆိုတာနဲ့ computer ရဲ့ RSA Key ကို Phone ထဲမှာသိမ်းထားပီး အဲ့ဒီ computer ကနေ adb နဲ့ ခိုင်းလိုက်တိုင်း အမြဲတမ်းခွင့်ပြုပေးပါလိမ့်မယ်
တစ်ကယ်လို့ Cancel ကို ရွေးလိုက်ရင်တော့
84f28847 unauthorized ဆိုပီး ခွင့်ပြုချက်မရကြောင်းပြပေးပါလိမ့်မယ်
84f28847 offline ဆိုပီး Device offline ပြနေရင်တော့ မိမိအသုံးပြုနေတဲ့ adb.exe ရဲ့ version က နိမ့်နေပီး android ရဲ့ version ကမြင့်နေလို့ပါ
မိမိရဲ့ adb Version ကို အောက်ပါ command နဲ့ စစ်ဆေးလို့ရပါတယ်
adb version
ခုသုံးထားတဲ့ adb version က 1.0.32 ပါ
တစ်ကယ်လို့ adb driver လည်းသွင်းထားတယ် Device Manager မှာလည်း
Android ADB Interface အနေနဲ့ Device သိနေပီ
adb devices လို့ခေါ်တော့လည်း List of devices attached ဆိုပီး
device serial ကိုပြမပေးနိုင်ဘူးဖြစ်နေတယ်ဆိုရင်
ချိတ်ထားတဲ့ Device ရဲ့ USB Vendor ID: ကို adb_usb.ini ထဲမှာကြေငြာပေးတာ အစရှိသဖြင့် ပြုလုပ်ရပါမယ် [ အသေးစိတ်ကို driver install အခန်းတွင်ဖတ်ပါ ]
နောက်ဆုံးဘယ်လိုမှ မရရင် window ကို restart ချပေးပါ Window Update လုပ်ထားပီး Restart မချရသေးရင် adb device မသိပဲဖြစ်နေတတ်ပါတယ်
တစ်ကယ်လိုပ မိမိဖုန်းရဲ့ Android Verision က 4.3 နဲ့ အထက်ဖြစ်နေရင်တော့
မိမိဖုန်းမှာ Screen Lock Security တစ်ခုခု ချထားတယ်ဆိုရင် ( ဥပမာ PIN Password Pattern အစရှိသဖြင့် ) တော့ adb connect ဖြစ်နေတာတောင်
command ပေးလို့ မရပါဘူး Screen unlock လုပ်ပီးမှ ထပ်စမ်းကြည့်ပါ
နောက် သင်ခန်းစာမှာတော့ adb usb mode သာမက adb tcp mode နဲ့ချိတ်ဆက်တာတွေ ထပ်ပြောပေးပါမယ်။

 -------------------------------------------------------------------------------------------------------------------
Phyo Nyi Nyi
MPPG
Service and Training
09-444004039

Post a Comment

 
Top