Apple နှင့် Samsung တို့က Telecoms နယ်ပယ်မှ အခြား ကုမ္ပဏီများနှင့်အတူ သမားရိုးကျ SIM Card များကို ဖယ်ရှားနိုင်မည့် Embedded SIM များကို တီထွင်နေသည်ဟု Financial Times က ရေးသားထားပါသည်။

ကုမ္ပဏီနှစ်ခုသည် E-SIM ကို အကောင်အထည်ဖော်ရန် အမေရိကန်ရှိ T-Mobile, AT&T တို့က အသုံးပြုသော GSM Telephone System ကို မောင်းနှင်သည့် GSMA အဖွဲ့အစည်းအပြင် တစ်ကမ္ဘာလုံးရှိ Carrier များနှင့် ပူးပေါင်းလုပ်ဆောင်နေပါသည်။

သမားရိုးကျ SIM Card တစ်ခုသည် သက်ဆိုင်ရာ Carrier တစ်ခုတည်းကိုသာ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး အခြား Carrier ကို အသုံးပြုရန် SIM Card လဲလှယ်ရပါသည်။ E-SIM ကို အသုံးပြုလျှင် SIM Card များပြောင်းလဲရန် မလိုဘဲ Carrier များကို ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ Embedded SIM များကို ဖုန်းထဲတွင် အသေတပ်ဆင်ထားမည် ဖြစ်ပြီး အသုံးပြုသူက ကိုင်တွယ်နိုင်ခြင်းမရှိပါ။

E-SIM များသည် သမားရိုးကျ SIM များနေရာတွင် လျှင်မြန်စွာ အစားထိုးရန် မဖြစ်နိုင်သေးသော်လည်း AT&T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefónica နှင့် Vodafone တို့က စံနှုန်းအသစ်ကို ထောက်ပံ့ရန် မျှော်လင့်နေပါသည်။

Apple ကလည်း ခရီးသွားစဉ်တွင် SIM Card များကို ပြောင်းလဲရန် မလိုသော iPad Air 2 အတွက် SIM Chip ကို ယခင်နှစ်တွင် မိတ်ဆက်ခဲ့ပါသည်။

Credit to ==>Myanmar Digital Life Journal
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com

Post a Comment

 
Top