Android  ဖုန်းနဲ့ စာရိုက်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် စာရိုက်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Message ပို့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ Mail ပို့တဲ့အချိန် တွေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာ အဆင်ပြေလွယ်ကူ စေမှာပါ။
စတင်ပြီး လေ့လာကြည့်ကြပါ မယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ဖုန်းမှာ အဓိကလိုအပ်တာ ကတော့ Google Keyboard ဖြစ်ပါတယ်။ Google Keyboard မရှိတဲ့၊ မပါဝင်တဲ့ ဖုန်းတွေမှာဆိုရင် တော့ Google Keyboard ကို အရင်ဆုံး Download ပြုလုပ်ပြီး ထည့်သွင်းရပါ လိမ့်မယ်။ အခြားကီးဘုတ်တွေနဲ့ဆိုရင်တော့  Shortcut  စနစ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဖြစ်ပါတယ်။

Google Keyboard ကိုရရှိပြီ ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting ထဲကိုသွားပါ။

Setting ထဲမှာ Language & Input ဆိုတာရှိပါတယ်။ Language & Input ထဲကိုဝင်ပါ။

Language & Input ကို ဝင်လိုက်ရင် ခုလိုမျိုးမြင်တွေ့ရပါလိမ့်မယ်။

Language & Input ထဲက Google Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။

ပြီးရင်တော့ Personal Dictionary ဆိုတာရှိပါတယ်။ Personal Dictionary ထဲကိုဝင်လိုက်ပါ။

Personal Dictionary ထဲမှာ ခုလိုမြင်တွေ့ ရပါလိမ့်မယ်။

Add ကိုနှိပ်လိုက်ပါ။  အချို့ဖုန်း တွေမှာတော့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်ရတာမျိုး ရှိပါတယ်။ ပြီးရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Phrase ဆိုတဲ့နေရာမှာ ကိုယ်မှတ်သားချင်တဲ့ အသုံးများတဲ့ အင်္ဂလိပ်စာကြောင်းတွေကို ရိုက်ထည့်မှတ်သား နိုင်ပါတယ်။ ပြီးရင်တော့ အောက်ဘက်က Shortcut ဆိုတဲ့နေရာမှာ ဒီစာကြောင်းအတွက် ဘာကိုနှိပ်ရင် ဒီစာကြောင်း ပေါ်လာမလဲဆိုတာကို ကိုယ့်စိတ်ကြိုက် အတိုကောက်မှတ်သားပါ။ ပြီးရင်တော့ Save ကိုနှိပ်ပါ။ ဒါဆို ကိုယ့်ရဲ့မှတ်သားမှုကို သိမ်းဆည်းပေး ထားမှာဖြစ်ပါတယ်။ နောက်ထပ် ကိုယ်ထပ်မံ မှတ်သားလိုတဲ့ စာသားတွေကို Add လုပ်ပြီး မှတ်သားနိုင်ပါတယ်။ ဒီနေရာမှာ မှတ်သားထားတဲ့ အရာတွေကို ကိုယ်အသုံးပြုမယ့် Message နဲ့ အခြားစာရိုက်တဲ့ နေရာမှာအသုံးပြု ရမှာဖြစ်ပါတယ်။
မှတ်သားမှုတွေ ပြီးပြီဆိုရင် တော့ ဥပမာအနေနဲ့ Message ထဲကို သွားပါမယ်။ Message ထဲမှာ ကိုယ်မှတ်သားခဲ့တဲ့ စာသားရဲ့ အတိုကောက်စာလုံးကို ရိုက်လိုက်ရင် ရေးသားချင်တဲ့ စာကားလုံး ဒါမှမဟုတ်  စာကြောင်းအရှည် တစ်ခုကို အလွယ်တကူ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုမြင်တွေ့ရင် စာသားအ ရှည်ကိုနှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တာကို ရရှိပြီဖြစ်ပါတယ်။

Credit: http://internetjournal.media

Post a Comment

 
Top