Aple သည် 64-bit A8 CPU ပါဝင်သော iPod touch ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့သည်။ အရှေ့ဘက်နှင့် ကျောဘက် ကင်မရာများကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီး ကျောဘက်ကင်မရာကို 8-megapixels ဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။

အသစ်ထွက်ရှိသည့် iPod touch ကို 128GB အမျိုးအစားဖြင့်ပါ ရရှိနိုင်သည်။ တန်ဖိုးမှာ 128GB အတွက် ၃၉၉ ဒေါ်လာဖြစ်ပြီး ကျန်အမျိုးအစားများ၏ တန်ဖိုးမှာ ယခင်အတိုင်း မပြောင်းလဲဘဲ 16GB အတွက် ၁၉၉ ဒေါ်လာ၊ 32GB အတွက် ၂၄၉ ဒေါ်လာနှင့် 64GB အတွက် ၂၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။ အရောင်သစ်များအနေဖြင့် ရွှေရောင်၊ ပန်းရောင်၊ အပြာရောင်တို့ဖြင့် ရရှိနိုင်သည်။

ထို့အပြင် Apple သည် အဆင့်မြှင့်ထားသည့် iPod shuffle နှင့် iPod nano တို့ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ shuffle နှင့် nano တို့ကို နက်ပြာရောင်၊ ပန်းရောင်၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်သည်။ Shuffle နှင့် nano တို့၏ တန်ဖိုးမှာ ယခင်အတိုင်း ဖြစ်သည်။

iPod touch သစ်တွင် M8 motion coprocessor ပါဝင်လာသောကြောင့် iPhone ကဲ့သို့ပင် ကျန်းမာရေးကို ခြေရာခံနိုင်မည် ဖြစ်သည်။ ကြိုးမဲ့စနစ်အနေဖြင့် 802.11ac ကို ထောက်ပံ့ပေးထားသည်။ အရှေ့ဘက်ကင်မရာတွင် လျင်မြန်သည့် selfie ရိုက်ချက်များအတွက် burst mode ကို ထောက်ပံ့ပေးထားသည်။ သို့ရာတွင် iPod touch သစ်တွင် ယခင်ဗားရှင်းကဲ့သို့ လက်ပတ်ကြိုး ပါဝင်လာခြင်းမရှိပေ။


Credit to ==> Internet Journal
www.pyaephyo.com

Post a Comment

 
Top