CoolPad 8060 ကို Firmware တင်နည်း ရေးပေးရတဲ့အကြောင်းရင်းကတော့ အခြား Firmware တွေ တင်သလို CoolPad Download Assistant နဲ့ တင်လို့မရလို့ဖြစ်ပါတယ်.. မိတ်ဆွေများ သိကြတဲ့အတိုင်း CoolPad Firmware တွေကို ဖိုင်စနစ်အမျိုးမျိုးနဲ့တွေ့ရနိုင်ပါတယ်.. name.pac ဖိုင်ကို Research Download Tool, scatter.txt ပါလာရင် Flashtool တွေနဲ့ တင်ကြရပါတယ်.. DQL Tool နဲ့ တင်ကြတာလည်းရှိပါတယ်.. name.cpb ဖိုင်နဲ့ဆိုရင်တော့ CoolPad Download Assistant Tool နဲ့ တင်ကြရပါတယ်.. .CPB ဖိုင်ကတော့ Official Firmware တွေဖြစ်ပါတယ်… CPB ဖိုင်ကို CoolPad Download Assistant Tool နဲ့တင်လို့ရတယ်ဆိုပေမယ့် အချို့အလုံးတွေမှာ အဆင်မပြေတတ်ပါဘူး..  Download Assistant Tool ထဲက Firmware File ကို Browse လုပ်ပြီး Update လုပ်လိုက်တာနဲ့ အောက်ကပုံအတိုင်း error တက်နေတာကို တွေ့ရပါမယ်..

ဒါဆိုရင်တော့ Marvell Downloader နဲ့ တင်နိုင်ပါတယ်.. ခုပြောပြမယ့် CoolPad 8060 ဟာ Marvell Downloader နဲ့တင်မှ အဆင်ပြေတဲ့အလုံးဖြစ်တာကြောင့် Marvell Downloader အသုံးပြုပြီး Firmware Flash လုပ်နည်းကို ပြောပြပေးသွားပါမယ်..
အောက်ကလင့်မှာ လိုအပ်တဲ့ဖိုင်(၃)မျိုးကို Download လုပ်ပြီး ဖြည်ချလိုက်ရင် ဖိုင်(၄)ဖိုင်ရပါမယ်..
Download :
Firmware : Link 1 : Link 2
Drivers : Link 1 : Link 2 : Link 3
Marvell Downlader : Link 1 : Link 2 : Link 3

အဲဒီထဲက 2.3.027.P1.130311.8060-NTP.CPB ဆိုတဲ့ Firmware ဖိုင်ကို Marvell_Downloader_notiepian_samsung ဆိုတဲ့ Folder အောက်က DownloadFiles ဆိုတဲ့ Folder အောက်က CP8060 ဆိုတဲ့ Folder အောက်ကို ထည့်ထားလိုက်ပါ..
1.    ပထမဆုံး CoolPad 8xxx Driver ကို အရင် Install လုပ်ပါ.. Windows can't verify ဆိုပြီး အနီနဲ့အကွက်ပေါ်လာရင် Install this driver software anyway ကိုနှိပ်ပေးလိုက်ပါ..

2. Marvell_Downloader_notiepian_samsung ဆိုတဲ့ Folder ထဲက MultiDownloader.exe ကို Run လိုက်ပါ..


3. ပုံမှာပြထားတဲ့အတိုင်း Browse ကိုနှိပ်ပြီး CP8060 Folder အောက်က 2.3.027.P1.130311.8060-NTP.CPB ဆိုတဲ့ Firmware File ကို ရွေးပြီး Open ကိုနှိပ်လိုက်ပါ..


4. ပြီးရင်တော့ အပေါ်ကွက်နဲ့အောက်ကွက် အစပ်နားမှာ Button လေးတစ်ခု မြုပ်နေတယ်ဗျ.. အခြား စက်တွေမှာ ဘယ်လိုလဲတော့မသိဘူး. ကျွန်တော့်စက်မှာတော့ နည်းနည်းလေးပဲပေါ်တယ်.. ကျွန်တော်ကတော့ Download Button လို့နာမည်ပေးထားတယ်.. ကျွန်တော် အနီရောင်နဲ့ ဘောင်ခတ်ပြထားတယ်.. အဲဒါလေးကိုနှိပ်လိုက်ပါ.. ဒါဆိုရင် အောက်ကွက်မှာ အပြာရောင်နဲ့ ဘောင်ခတ်ပြထားသလို စာတန်း (၃) တန်းပေါ်လာပါမယ်..


5. My Computer ကို Right Click ထောက်. Manage ကိုနှိပ်. Device Manager ကိုနှိပ်ထားပါ..
6. ဖုန်းကို ဓါတ်ခဲထည့်ပြီး Power Off အနေအထားအတိုင်း ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ.. ကွန်ပျူတာရဲ့ ညာဘက်အောက်နားက Driver Installing… ဆိုတာ ပေါ်လာရင် ခုနက Device Manager ထဲမှာ Tavor ဆိုတဲ့ ခေါင်းစဉ်နဲ့ Driver လိုကြောင်းပြပါလိမ့်မယ်.. အဲဒါကို ညာကလစ်ထောက် Update Driver Software ကိုနှိပ်.. ပေါ်လာတဲ့အကွက်ထဲမှာ Browse My Computer For Driver Software ကိုနှိပ်ပါ.. ပေါ်လာတဲ့အကွက်ထဲက Browse ကိုထပ်နှိပ်ပြီး ပထမဆုံး ဒေါင်းခဲ့တဲ့ ဖိုင်(၄)ဖိုင်ထဲက Marvell Driver ဆိုတဲ့ Folder ကိုရွေးကာ OK.. Next ကိုနှိပ်ပေးလိုက်ပါ..

အနီရောင်အကွက်တစ်ခု ခဏပေါ်လာပါမယ်.. Install Driver Anyway ကိုနှိပ်ပေးလိုက်ပါ..


ဒီဖြစ်စဉ်ဟာ တော်တော် မြန်ဆန်တဲ့အတွက် မြန်မြန်ဆန်လုပ်ရပါမယ်.. Tavor Driver တောင်းတာဟာ တကယ့် စက္ကန့်ပိုင်းပဲကြာပါတယ်.. အဲဒါကို Driver မတင်လိုက်ရင် Firmware ရေးလို့မရပါဘူး.. ကဲ.. Driver ထပ်တင်ပြီးသွားတော့ MultiDownloader က ဆက်အလုပ်မလုပ်သေးရင် ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်လိုက်ပါ.. ခဏနေပြီးရင် Power ပိတ်ထားလျက်ပဲ ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ..

7. အဆင်ပြေပြေဆိုရင်တော့ အောက်ကပုံအတိုင်း Burnning Flash ဆိုပြီး အလုပ်လုပ်နေပြီဖြစ်ပါတယ်..


8. Burnning Flash 100% ပြည့်သွားရင်တော့ အစိမ်းရောင်တန်းလေးနဲ့ အောင်မြင်ကြောင်းပြပါတယ်..


ဒါဆိုရင်တော့ ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်လိုက်ပြီး ပါဝါဖွင့်လိုက်ပါ.. အဆင်ပြေပြေ တက်လာပါလိမ့်မယ်.. ကျွန်တော် တွေ့ကြုံရတဲ့ ပြဿနာ တစ်ခုက Factory Mode ဝင်နေခြင်းဖြစ်ပါတယ်.. နည်းလမ်းတော်တော်များများသုံးပေမယ့် မဖြေရှင်းနိုင်ခဲ့ပါဘူး.. Power အတက်မှာ Factory Mode ဝင်နေပေမယ့် ခဏအကြာမှာတော့ Firmware က ကောင်းကောင်း တက်လာတာကို တွေ့ရပါတယ်.. Customer က အလောတကြီးဖြစ်နေလို့ ဒီတိုင်းပဲ ရပါတယ်ဆိုတာနဲ့ ပြန်ပေးလိုက်ပါတယ်.. ဖြေရှင်းနည်း မသိလိုက်ပါ…

Root ကတော့ Root Genius 1.9.6 နဲ့ ပေါက်ပါတယ်.. Vroot နဲ့ မဖောက်စေလိုပါ..  မြန်မာစာကိုတော့ MMAIO Font Changer နဲ့ ထည့်ရင်အဆင်ပြေပါတယ်.. MPPG Font Tool နဲ့ထည့်ရင်လည်း အဆင်ပြေနိုင်ပါတယ်.. အခြား Zawgyi Changer တွေနဲ့ ထည့်ရင် Logo မှာရပ်သွားတဲ့ ပြဿနာ ကြုံနိုင်ပါတယ်..



အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >

Post a Comment

 
Top