Asus Fonepad 7 Model 170CG ဖုန်းများကို One Click နဲ့ Root လုပ်ပြီး မြင်မာစာထည့်နည်း
 မင်္ဂလာပါ
ဒီပိုစ့်လေးကို တင်ပေးမယ် တင်ပေးမယ်နဲ့ တစ်လကျော်လောက်
ကြာခဲ့ပြီထင်ပါတယ်။ ကွန်ပျူ တာရှေ့ရောက်လို့ Blog ပိုစ့်တွေ
ရေးပြီဆိုရင် သတိကိုမရ တစ်ခြားသော နည်းပညာတွေကိုသာ
တင်ပေးဖြစ်နေတယ်။

ဒီနေ့တော့ ဖုန်းကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ဒီပုံလေးကို
တွေ့တော့မှ သတိရတော့ နှစ်လုံးတောင် ရှိပါပြီ
လုံးလုံးမေ့နေတာ ကံကောင်းလို့ တွေ့ဖြစ်တယ်ပြောရဦးမယ်

ဒီဖုန်းကို ဘော်ဒါတစ်ယောက်မှာ ၀ယ်လာတယ်ကြားတယ်
တစ်ခြားဖုန်းကလစ်သူတွေစုံတယ်လို့တော့ပြောတယ်
မရဖူးပေါ့ ကွန်ပျူ တာမှာလည်း Root Tool တွေသာ စုံတယ်
ဘယ်လိုမှ အဆင်မပြေဘူးပေါ့ ကျနော်ဆီရောက်လာတယ်
ကျနော်က http://www.asus-zenfone.com ကိုခနခနကြည့်
ဖြစ်နေတော့ Root Apk လေးနဲ့ ရင်းနှီးနေပြီးသားဖြစ်နေတော့
Apk လေးကိုဒေါင်းလော့ရယူပြီး မှန်းမှာတင် One Click နဲ့
Root Access ရှိပြီး မြန်မာစာကို အလွယ်ထည့်နိုင်လိုက်ပါတယ်။

အခုကျနော်စမ်းသပ်အောင်မြင်ထားတာကတော့
4.4.2 ဗားရှင်းဖြစ်ပါတယ်။ အခုနောက်ပိုင်း ဒီ Tablet တွေမှာ
4.4.2 ဗားရှင်းတွေများပါတယ်။ ကွန်ပျူ တာက Root လုပ်နည်းကိုတော့
နောက်ပိုင်း တင်ပေးသွားဖို့ ရှိပါတယ်။
 
၁။ Root လုပ်ဖို့ရန်အတွက် Official ရဲ့ RootZenFone-1.4.4r apk
လေးကို အောက်ကလင့်မှာ အရင်ဒေါင်းလော့ရယူလိုက်ပါ။

Download Here

OR

Download Here

OR

Download Here

အရင်လည်း ကျနော် ဒီ RootZenFone Apk တွေနဲ့
ပတ်သက်လို့ တင်ပေးဖူးပါတယ် ဗားရှင်းလိုက် ဖုန်းမှာတင်
Root လုပ်နိုင်တဲ့အတွက် လိုအပ်မယ့် ဖုန်းဗားရှင်းအလိုက်
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ

ASUS ဖုန်းများအတွက် One Click Root APK (ကွန်ပျူ တာမလို)

၂။ ဒေါင်းလော့ရလာတဲ့ Apk လေးကို ဖုန်းမှာ အင်စတောလုပ်ပါ
ပြီးရင် ဖွင့်လိုက်ပါ။ Root ဆိုပြီး ပြနေပါလိမ့်မယ် နှိပ်လိုက်ပေးပြီး
ခနလေးစောင့်နေလိုက်ပါ Done ဆိုပြီး ပြနေပါလိမ်မယ်၊
ပြီးတော့ Reboot ချ ခိုင်းပါလိမ့်မယ်၊ ချပေးလိုက်ပါ။

၃။ ဖုန်းပြန်တက်လာတဲ့အခါမှာတော့ SuperSu Apk
ရောက်နေပါလိမ့်မယ်။ သင့်ဖုန်းမှာ Root Access ရှိလား
မရှိလား သိချင်တယ်ဆိုရင်တော့ Root Checker လေးနဲ့
စမ်းသပ်ကြည့်လိုက်ပါ အောက်မှာ ရယူပါ

Download Here 


Root Access ရရှိထားပြီးသားဖုန်းတစ်လုံးအတွက်တော့
မြန်မာစာကတော့ လွယ်ပါတယ်

၃။ FrozenKeyboard နဲ့ MM Aio Font Changer apk ကို install လုပ်ပါ။
(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)


OR

MM aio font changer Apk လေးကိုတော့
အာက်ကလင့်မှာရယူလိုက်ပါ 

Download Here

OR

Download Here

OR

Download Here

OR

Downlaod Here

 ဗားရှင်းအသစ်ကို ရယူလိုက အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

MM Aio Font Changer Pro - Beta Apk

 အခုနောက်ပိုင်း MM Aio Font Changer apk က
မြန်မာစာအတွက် အထောက်အကူမပြု တာတော့
Apk လေးကို ဖွင့်ပြီး Font ကို ထည့်သွင်းခါနီး Changer ထဲမှာ
ဘာစာမှမမြင်ရပဲ ဖြစ်နေတတ်မျိုး ဖြစ်တတ်ပါတယ်
အထူးသဖြင့် 4.4.2 အထက် ဖုန်းတွေ သိပ်အလုပ်မလုပ်တော့
တာကို သတိထားမိပါတယ်။

4.4.2 ဗားရှင်းအထက် မြန်မာစာလုံးဝအမှန်ထည့်ပေးနိုင်တဲ့
Apk လေးနှစ်ခုရှိပါသေးတယ် MM Font installer Djjoe Man.apk နဲ့
ICSMMFontinstaller.apk တို့ဖြစ်ပါတယ်။ လုံးဝစိတ်ချလိုက်ပါ
အထက်ပါ  MM Aio Font Changer apk လုံးဝအလုပ်မလုပ်ဖူး
မြန်မာစာမမှန် အကွင်းလိုက်ပြနေတယ်ဆိုရင်တော့ အပေါ်က
Apk လေးတွေနဲ့စမ်းသပ်ကြည့်လိုက်ပါ မြန်မာစာ ၀ိုင်းစက်နေအောင်
ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

  MM Font installer Djjoe Man.apk လေးကို
အောက်ကလင့်မှာ ရယူလိုက်ပါ


OR


 ICSMMFontinstaller.apk လေးကို
 အောက်ကလင့်မှာရယူပါ

Download Here 

OR

Download Here 

OR

Download Here 


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top