မင်္ဂလာပါ
FB မှာ ညီအကိုတစ်ယောက် တောင်းဆိုလာတဲ့
 Acer B1A71 Tablet တွေကို Jellybean 4.1.2 Firmware တင်နည်း
လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဒီနေရာမှာ ကျနော် ကြို ပြေားထားချင်တာကဖုန်း/Tablet များကို Firmware တင်နည်းများကို
အလေ့အထ မရှိ အခုမှစလေ့လာပြီး ကလစ်ကြည့်မှာဆိုရင်တော့ နည်းနည်းအခက်တွေ့နေပါလိမ့်မယ်၊ ဒါပေမယ့် အလွယ်လွယ် လက်မလွှတ်လိုက်ဖို့ကို ပြောကြားလိုပါတယ်။

အောင်မြင်ကျော်ကြားနေကြတဲ့ ဆရာတွေလည်း ဒီလိုပဲ စတင်ခဲ့ကြရတာချည်း ဖြစ်တယ်ဆိုတာကို
အမှတ်စေချင်ပါတယ်၊ ပိုတောင် စိတ်ဝင်စားစရာဖြစ်တာပေါ့ ကိုယ်မလုပ်ဖူးတဲ့အရာ မသိသေးတာလေးတစ်ခုကို ကိုယ်အတွေးနဲ့ကို စွန့်စားခန်းလေး ဖွင့်ရတာမျိုး
 အရသာလေးက အရမ်းကြည့်နူးဖို့ ကောင်းပါတယ်။

ကျနော် ထပ်ပြောချင်ပါတယ် အခုမှ Firmware တင်နည်းကို စတင်တာမှာ ဖြစ်တယ်ဆိုရင် တစ်ကြိမ်မရရင် နောက်တစ်ကြိမ် စသည်ဖြင့် နောက်ဆုံး ရသွားတဲ့အထိပေါ့ဗျာ ကြိုးစားကြည့်ပါလို့
ကိုယ်တိုင်လုပ်မရဘူးဆိုရင်တော့ ဆိုင်သွားရမှာပဲလေ ပိုင်ဆံက ထွက်ပြီ၊ ဆိုင်မှာ လူတွေမှာကတော့ ပစ္စည်းပစ္စယ စုံတာတော့ လုပ်တတ်တာတော့က လုပ်ပါများနေလို့ လုပ်သက်က စကားပြောနေတာပါ။

မိမိလည်း ဘာရယ်မဟုတ် ပျက်နေတာကို ကောင်းလာအောင် ပြီးတော့ ပျက်နေတဲ့ အပျက်အစီးကို ဒီအတိုင်းထားထားနေလို့ကကော ဘာထူးလာမှာမို့လဲ၊ တကယ်လို့ ကိုယ်တိုင်ကိုယ်ကျ ဟိုနှိပ် ဒီနှိပ်ရင်း Firmware လေး ဘယ်လိုကနေ ဘယ်လိုတက်သွားမှန်းမသိပဲ အရမ်းလန်းနေတာလေးကို တွေမိတာနဲ့
ကိုယ့်ကိုယ်ကို အပျော်ကြီးပျော်လို့ ညညအိပ်တောင် မပျော်ဘူး ဆိုတဲ့ အရာသာမျိုး...

 ဒီလိုပဲ မလုပ်တတ် လုပ်တတ်နဲ့ စတင်ခဲ့ရင် တစ်နေ့ အတိုင်းအတာတစ်ခုထိ ရောက်မှန်းမသိ ရောက်သွားမှာသေချာပါတယ်။ ကျနော် Story ပြောနေတာမဟုတ်ရပါခင်ဗျား ဘာကိုပြောလိုတယ်တိုတာကို သဘောပေါက်စေချင်ပါတယ်။

ပုံလေးတွေနဲ့တကွ ရှင်းပြနိုင်ဖို့က ကျနော် အသင့်မရှိနေတော့ ပုံလေးတွေနဲ့တကွ ဘာပြီးရင်
 ဘာနှိပ်ပါလို့ Tutorial မလုပ်ပေးနိုင်ပေမယ့် ကျနော်ကတော့ ဘယ်သူမှမေးမရရင်
ဆရာ Youtube ကိုပဲအားကိုးလေ့ရှိပါတယ်။ ဗွီဒီယိုကို အရင်ဒေါင်းလော့ယူတယ် ပြီးရင် လိုအပ်တဲ့ပစ္စည်းတွေကို လိုက်ရှာတယ် ရပြီဆိုရင်တော့ အမုန်းကလစ်တော့တာပဲပေါ့ဗျာ...

လုပ်နေတာကို ကြည့်လုပ်ရတာလောက် လွယ်တာ ဘယ်ရှိမလဲပေါ့ ဂရုစိုက်ရမှာတစ်ခုက မိမိဖုန်း/Tablet တွေရဲ့ Firmware အမှန်ဖြစ်နေဖို့ကိုပါ။ Firmware သာ အမှန်ဖြစ်နေရင်တော့ လွယ်ပါတယ်လို့ ပြောရမှာပါ။

ကဲဗျာ လေရှည်နေလို့ ပြီးမှာမဟုတ်ဘူး တွပ်ပီ လိုစွန့်စားခန်းလေးဖွင့်ချင်တယ်ဆိုရင်တော့
 အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

ပမဆုံး Acer B1A71 Tablet အတွက် Jellybean 4.1.2 Firmware ကို
 အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

Acer B1A71 Jellybean 4.1.2 Firmware

devs/gapps/gapps-jb-20121011-signed 
ကိုအောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

 gapps/gapps-jb-20121011-signed.zip

Firmware တင်ရန်အတွက် လိုအပ်တဲ့ ပစ္စည်းများကိုရပြီဆိုရင်တော့

 Firmware တင်နည်း Video Tutorial ကိုအောက်မှာ ကြည့်လိုက်ပါ။



 

ဒီ Acer Tablet တွေကို Root လုပ်ပြီး မြန်မာစာထည့်နည်းကိုတော့

အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ။


Acer Tablet အားလုံးကို အလွယ်တကူ Root လုပ်ပြီး မြန်မာစာထည့်နည်း


 


အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top