ပြီးခဲ့သည့်ရက် အနည်းငယ်က BQ မှထုတ်လုပ်သော Aquaris E4.5 Ubuntu Edition စမတ်ဖုန်းကို အွန်လိုင်းတွင် စတင်ရောင်းချ ပေးခဲ့ကြောင်းသိရသည်။ လာမည့်ရက်အနည်းငယ်အတွင်း ၎င်းစမတ်ဖုန်းများကို ယခုလနှောင်းပိုင်းတွင် flash sale ဖြင့်ထပ်မံ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

BQ ၏ Aquaris E4.5 Ubutu edition သည် Ubuntu အသုံးပြုထားသော ပထမဦးဆုံး စမတ်ဖုန်းဖြစ်သည်။ Ubuntu သည် ကွန်ပျူတာများအတွက် open-source operating system တစ်ခုအဖြစ် လူသိများသည့်

အပြင် ၎င်း၏ software ကိုဖုန်းမှတီဗွီနှင့် အဝေးထိန်း လေယာဉ်များတွင် အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ Ubuntu ကိုဗြိတိန်ကုမ္ပဏီ Canonical မှတိုးတက်အောင် ဖန်တီးခဲ့ကြောင်း သိရသည်။ ထို့အပြင် Canonical သည် BQ ဖုန်းနှင့် Meizu MX4 Ubuntu ဗားရှင်း စမတ်ဖုန်းများကို မတ်လ ၂  ရက်တွင် ပြုလုပ်မည့် ၂၀၁၅ ခုနှစ် Mobile World Congress တွင်မိတ်ဆက် သွားမည်ဖြစ်သည်။ BQ ၏စမတ်ဖုန်း ရောင်းချမှုကို Ubuntu ၏ Twitter, Google+ နှင့် Facebook စာမျက်နှာနှင့် BQ ၏ Twitter account များတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။

BQ ဖုန်းကို အွန်လိုင်းတွင် ထုတ်ကုန်များကို တစ်ရက်အတွင်း ရောင်းချပေးသည့် flash sale ပုံစံပြုလုပ်ခြင်းသည် တရုတ်ကုမ္ပဏီ Xiaomi မှဖုန်းများကို အကန့်အသတ်အတွင်း မြန်ဆန်စွာ ရောင်းချသည့် ပုံစံနှင့်ဆင်တူသည်။ သို့ရာတွင် စပိန်နိုင်ငံ ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီ BQ သည် ၎င်း Ubuntu စမတ်ဖုန်းကို ဥရောပတွင်သာ ဖြန့်ချိရောင်းချ သွားမည်သော်လည်း အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချ သွားရန်အစီအစဉ်များ ရှိကြောင်းသိရသည်။

Ref : CNET


Post a Comment

 
Top