Samsung Galaxy Note 2 Android 4.4.2 ကို Root ပြုလုပ်နည်း
မင်္ဂလာပါ
ဒီ Note 2 ဖုန်းနဲ့မြန်မာစာ တောင်းဆိုလာတာ
ညီအစ်ကို နှစ်ယောက်ရှိပါပြီ။ အမှန်တိုင်းဝန်ခံရရင်
ကျနော်အခုကိုင်နေတာလည်း Note 2 ပါ
မြန်မာအတွက်က ကျနော် Root ဖောက်ပြီးထည့်ထားတာ
မဟုတ်ပါ iFont Apk ထဲကနေ Zawgyio One ttf ကို
ထည့်ပြီး အသုံးပြု နေတာပါ လုံးဝအဆင်ပြေပါတယ်။


ဒီပိုစ့်ကို Tutorial ကောင်းကောင်းလုပ်ပြီး
တင်ပေးဖို့ အစီအစဉ်ရှိပါတယ် ဒါပေမယ့် အခုတောင်းဆိုလာတဲ့
FB မှ ညီအစ်ကိုတစ်ယောက် အခက်အခဲရှိနေတယ်ဆိုလို့
လတ်တလောရေးပြီး တင်ပေးလိုက်ပါတယ်ခင်ဗျား

အခု ဒီ Note 2 ဖုန်းနဲ့ မြန်မာစာ ဆိုင်ရာကို
နည်းလမ်းနှစ်ခုနဲ့ ကျနော် ရှင်းပြသွားမှာပါ။ ဖုန်းကို Root လုပ်ပြီး
မြန်မာထည့်နည်းနဲ့၊ ဖုန်းကို Root မလုပ်ပဲ iFont Apk လေးကို
အသုံးပြု ပြီး မြန်မာအလွယ်ထည့်နည်းများကို တင်ပြပေးသွားမှာပါ။

ကဲဗျာ Note 2 မှာ မြန်မာစာအခက်ခဲဖြစ်နေတယ်ဆိုတဲ့
ညီအစ်ကိုတွေအတွက် လက်တွေ့ဆိုတာကိုစလိုက်ကြရအောင်ပါ

နည်းလမ်း (၁)
==========
၁။ ပမဆုံး Samsung phone driver ကိုဒေါင်းလော့ယူလိုက်ပါ
မိမိဖုန်းအမျိုးအစားလိုက် ရွေးပြီးဒေါင်းယူလိုက်ပါ

Download Here

OR


 Download Here

၂။  ၅။ Root လုပ်ဖိုရန်အတွက် Rooting File ကို
အောက်ကလင့်မှာ ဒေါင်းလော့ရယူပါ


Download Here 

မဒေါင်းတတ်သေးရင် အောက်ကပုံလေးကိုကြည့်လိုက်ပါ
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပါ။
 ၃။ဒေါင်းလိုရလာတဲ့ Rooting file Zip ကို ဖြည်လိုက်ပါ။
ပြီးပြီဆိုရင် ဖုန်းကို ပါဝါပိတ်ပါ
၎။ ဒီတစ်ခါ ဖုန်းကို Download Mode ၀င်ရမှာဖြစ်တဲ့အတွက်
Volume Down button, Home Button and Power Button ဆိုပြီး
တွဲနှိပ်ထားလိုက်ပါ အနည်းဆုံး 4 to 7 စက္ကန့်လောက်ကြာအောင်
တွဲနှိပ်ပေးထားလိုက်ပါ။ မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာကြည့်ပါ
 တကယ်လို့ မလုပ်တတ်သေးရင်
 အောက်ကလင့်မှာဝင်ကြည့်လိုက်ပါ

Samsung Galaxy ဖုန်းတွေအတွက် အလွယ်တကူ Download Mode ၀င်နည်း 

၅။ အောက်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ Volume Up Key အသံ
တိုးတဲ့ ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ
Samsung Galaxy S5 SM-G900L Download Mode.jpg
အောက်မှာလည်း ပြပေးထားပါတယ်
 ၆။ Rooting Files ထဲက Odin ကို ဖွင့်လိုက်ပါ၊
ဒီနေရာမှာ ဖုန်းနဲ့ကွန်ပျူ တာ အချိတ်အဆက် အသင့်ဖြစ်နေပလေ့စေ
 ၇။ အောက်ကပုံအတိုင်း Odin မှာ ပြနေခဲ့ရင်တော့
Root လုပ်ဖိုရန် အသင်ဖြစ်နေပါပြီ။

 ၁၁။  အပေါ်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ PDA ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ ပြီးတော့ စောနားက ဒေါင်းလော့ရထားတဲ့
Rooting Files ထဲက CF-Auto-Root-t0lte-t0ltexx-gtn7105.tar.md5 ကိုရွေးပေးလိုက်ပါ
                     ၁၂။ PDA ကို နှိပ်ပြီးလို့ CF-Auto-Root-t0lte-t0ltexx-gtn7105.tar.md5 ဖိုင်က အသင်ဖြစ်နေခဲ့ရင်တော့ Start ဆိုတာလေးကိုနှိပ်လိုကပါ နံပါတ်စဉ် တပ်ပေးထားပါတယ် 

           ၁၃။ မိနစ်အနည်းငယ်ကြာပြီးလို့ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Root Access ရရှိနေပါပြီ။
Restart တစ်ကြိမ်ကျသွားပါလိမ့်မယ်၊ ဖုန်းပြန်တက်လာတဲ့အခါ
ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်ထားတာကို ဖြု တ်လိုက်ပါ။
  ၁၄။ ဖုန်းပြန်လည်တက်လာတဲ့အခါ အောက်ကပုံလေးအတိုင်း
ပြနေခဲ့ရင် စောနားကာ install လုပ်လိုက်တဲ့ SuperSu လေး
အသင့်ရောက်နေတာလေးကို မြင်ရမှာဖြစ်ပါတယ်။
Root လုပ်ခြင်းကိစ္စအားလုံးပြီးသွားပါပြီ။
 ၁၅။ Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းကြည့်လိုက်ပါ

Downlaod Here 

 မြန်မာစာအတွက်ကတော့ လွယ်ပါတယ်
ဖောင့်နဲ့ကီးဘုတ်အလွယ်ထည့်နည်းများကို
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

အပေါ်ကနည်းလမ်းသည် Note 2 ဖုန်းကို CF-Auto-Root ကိုအသုံးပြု ပြီး
Root လုပ်ပြီး မြန်မာစာထည့်နည်းဖြစ်ပါတယ်။


နည်းလမ်း (၂ )
===========
ဒီတစ်ခါ Note 2 ဖုန်းအားလုံးကို Kingo Root Tool နဲ့
Root လုပ်နည်းကို ပြပေးသွားမှာဖြစ်ပါတယ်။

၁။ Kingo Root Apk လေးကို အောက်ကလင့်မှာဒေါင်းလော့ယူလိုက်ပါ

Download Here

OR

Download Here

OR

Download Here

၂။ ဒေါင်းလော့ရလာတဲ့ Apk လေးကို ဖုန်းမှာ အင်စတောလုပ်ပါ
ပြီးရင် Apk လေးကို ဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်နေခဲ့ရင်တော့
Root ဆိုတာလေကို နှိပ်လိုက်ပါ။
၃။ မိနစ်အနည်းငယ်စောင့်ရပါမယ်
အောက်ကပုံအတိုင်ပေါ်လာခဲ့ရင်တော့ Root Access ရရှိသွားပါပြီ။
 ၄။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။


(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)
OR
 ၅။ MM Font installer Djjoe Man.apk လေးကို
အောက်လင့်မှာဒေါင်းယူလိုက်ပါ။
OR

၆။တကယ်လို့အပေါ်က ဖောင့် Apk နဲအဆင်မပြေသေးရင်တော့
အောက်က Apk တွေကို တစ်ခုချင်းစီထည့်ကြည့်ပြီး စမ်းကြည့်ပါ
တစ်ခုခုတော့ လုံးဝအဆင်ပြေမှာပါ
One Click Root Apk နဲ့ Root လုပ်နည်းများကိုတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

One Click Root Apk နဲ့ Root လုပ်နည်းများ
နည်းလမ်း (၃)
===========
ဒီတစ်ခါ ကျနော် ဒီ Note 2 ဖုန်း 4.4.2 ဗားရှင်းတွေကို
Kingo Root Tool နဲ့ ကွန်ပျူ တာကနေ Root ဖောက်ယူနည်းကို
ရှင်းပြပေးမှာ ဖြစ်ပါတယ်။

၁။ ပမဆုံး Samsung Driver ကို အရင်ဒေါင်းလော့ယူလိုက်ပါ
 ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Download Here


OR

Download Here

 ၂။ Kingo Root ကို အောက်ကလင့်မှာဒေါင်းလော့ယူလိုက်ပါ
ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ

Download Here

၃။ ဖုန်းကို ဖွင့်ထားပါ။ ဖုန်းကို ပါဝါမပိတ်ထားပါနဲ့

၎။ ဖုန်းမှာ အနည်းဆုံး ဘက်ထရီးအား 50% ရာခိုင်နှုန်းလောက်ရှိနေပါစေ

၅။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ အောက်ကုံလေးအတိုင်းပေါ်လာခဲ့ရင်
 ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားသလို လေးထောင့်ကွင်လေးမှာ
အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။
၆။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပြီးရင်
 Enable the USB debugging mode ပေးလိုက်ပါ
မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ  

၆။ Kingo root ကို ဖွင့်လိုက်ပါ
အပေါ်မှာ မြင်နေရတာကတော့ Kingo Root ရဲ့ အောက်ခြေနားမှာ ကျနော်
အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာလေးက
 ဖုန်းနဲ့ ကွန်ပျူ တာမှ Enable the USB debugging mode ဆိုင်ရာကို
မလုပ်တတ်ရင် ပြပေးထားတာလေးပါ အပေါ်က ကျနော်ပြပေးထားတာနဲ့ တူပါတယ်။

၇။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ပြီးလို့ Root လုပ်ရင်အသင့်ဖြစ်နေခဲ့ရင်တော့
Root ဆိုတာကို နှိပ်ပေးလိုက်ပါ အောက်ကပုံလေးကိုကြည့်လိုက်ပါ
၈။ အောက်ကပုံအတိုင်းမြင်နေရရင်တော့ မိမိဖုန်းကို စတင်
Root လုပ်နေပါပြီ၊ အဲဒီအချိန်မှာ ဖုန်းနဲ့ ကွန်ပျူ တာကိုချိတ်ဆိတ်ထားတဲ့
USB ကြိုး လုံးဝ ထိမိတာ ဖြု တ်မိတာမျိုးမလုပ်မိပါစေနဲ့
(ဖုန်းကို Root လုပ်ဖို့ရန်က Kingo Root နဲ့ဆိုရင်တော့ အင်တာနက်ရှိရပါမည်။)
 ၉။ အချိန်အနည်းငယ်ကြာပြီးလို့ ဖုန်းက Restart တစ်ကြိမ်ကျပါလိမ့်မယ်
ဘာဖြစ်နေနေ ဒီအတိုင်းထားလိုက်ပါ သူ့သူအလုပ်လုပ်နေပါလိမ့်မယ်
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ ဖုန်းက Root Access ရရှိသွားပါပြီ။
 ၁၀။ Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းကြည့်လိုက်ပါ

Downlaod Here 

 မြန်မာစာအတွက်ကတော့ လွယ်ပါတယ်
ဖောင့်နဲ့ကီးဘုတ်အလွယ်ထည့်နည်းများကို
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

 နည်းလမ်း (၄)
=============
ဒီတစ်ခါကျနော် Note 2 ဖုန်းကို နောက်ဆုံးထွက် iRoot နဲ့
Root လုပ်နည်းကို ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အရင်ဦးဆုံး iRoot နောက်ဆုံးထွက်ကိုအောက်ကလင့်မှာရယူပါ
ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ

Download Here

၂။ ဖုန်းမှာ အနည်းဆုံး ဘက်ထရီးအား 50% ရာခိုင်နှုန်းလောက်ရှိနေပါစေ

၃။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ အောက်ကုံလေးအတိုင်းပေါ်လာခဲ့ရင်
 ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားသလို လေးထောင့်ကွင်လေးမှာ
အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။

  Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ 

၂။ iRoot ကိုဖွင့်လိုက်ပါ ပြီးရင် ဖုန်းနဲ့ကွန်ပျူ တာကို
ချိတ်ဆက်လိုက်ပါ အောက်ကပုံအတိုင်းပေါ်နေခဲ့ရင်
အပေါ်ကပုံအတိုင်း ပေါ်နေခဲ့ရင်တော့ Root ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
မိမိအနည်းငယ်ကြာပြီးရင်တော့ မိမိဖုန်းဟာ Root Access ရရှိသွားပါလိမ့်မယ်။

   ၆။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။
Congratulation လို ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

Download Here 

OR

 Download Here

 ၇။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)
OR
 ၈။ MM Font installer Djjoe Man.apk လေးကို
အောက်လင့်မှာဒေါင်းယူလိုက်ပါ။
OR
တကယ်လို့အပေါ်က ဖောင့် Apk နဲအဆင်မပြေသေးရင်တော့
အောက်က Apk တွေကို တစ်ခုချင်းစီထည့်ကြည့်ပြီး စမ်းကြည့်ပါ
တစ်ခုခုတော့ လုံးဝအဆင်ပြေမှာပါ

တယ်လို့အဆင်မပြေသေးရင်တော့
 ဖောင့်နဲ့ကီးဘုတ်ဆိုင်ရာများကိုအောက်ကလင့်မှာလေ့လာကြည့်ပါ
မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

နည်းလမ်း (၅)
===========
ဒီတစ်ခါ Note 2 ဖုန်း 4.4.2 ဗားရှင်းအားလုံးကို
One Click root Apk နဲ့ စမ်းကြည့်ရအောင်ဗျာ

Root Apk ကိုရယူပါ

Root Apk ကိုရယူပါ

၂။ ဒေါင်းလော့ရလာတဲ့ Apk လေးကို ဖုန်းမှာ အင်စတောလုပ်ပါ
အောက်ကပုံလေးကိုကြည့်ပါ
၃။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့
Open ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။
၎။ အောက်ကပုံအတိုင်း Root လုပ်ဖို့ရန်အသင့်ဖြစ်နေခဲ့ရင်တော့
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Make it raln ဆိုတာလေးကိုနှိပ်ပါ
ပြီးရင် အနည်းငယ်လေးစောင့်လိုက်ပါ။ အားလုံးပြီး ရင် Note 2 ဖုန်းတွေရဲ့
ဗားရှင်း 4.4.2 အားလုံးကို အလွယ်တကူ Root Access ရရှိပါပြီ။

၅။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။
Congratulation လို ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

Download Here 

OR

 Download Here

  ၆။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။


(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)
OR
 ၇။ MM Font installer Djjoe Man.apk လေးကို
အောက်လင့်မှာဒေါင်းယူလိုက်ပါ။
OR

တကယ်လို့အပေါ်က ဖောင့် Apk နဲအဆင်မပြေသေးရင်တော့
အောက်က Apk တွေကို တစ်ခုချင်းစီထည့်ကြည့်ပြီး စမ်းကြည့်ပါ
တစ်ခုခုတော့ လုံးဝအဆင်ပြေမှာပါ

တယ်လို့အဆင်မပြေသေးရင်တော့
 ဖောင့်နဲ့ကီးဘုတ်ဆိုင်ရာများကိုအောက်ကလင့်မှာလေ့လာကြည့်ပါ
မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

နည်းလမ်း (၆)
==============
Font Style ပါပြီးသားဖုန်းတစ်လုံးအတွက်ကတော့
မြန်မာဖောင့်အတွက်ဆိုရင်တော့ Root ဖောက်စရာကိုမလိုတာပါ
ဒါပေမယ့် အချို့ သော ဆော့ဝဲများ၊ ဂိမ်းများကို Rooted Device လို
အသုံးပြု ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး...

မိမိဖုန်းက Font Style ပါပြီးသားလည်းဖြစ်တယ် Root လုပ်ပြီးတော့လည်း
အသုံးမပြု လိုဘူး မြန်မာစာ လုံးဝအမှန်ရေးနိုင်တယ် ဖတ်နိုင်တယ်
အဲဒီနည်းလမ်းလေးအတိုင်းပဲ အဆင်ပြေချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပါ %100% အဆင်ပြေပါတယ်။

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း
နည်းလမ်း (၇)
===========
ဒီတစ်ခါ ကျနော် ရှင်းပြသွားမှာက ကျနော်အခုကိုင်နေတဲ့
Note 2 7100 ဗားရှင်း 4.4.2 ကို Root မလုပ်ပဲ မြန်မာစာနဲ့
ကီးဘုတ်ကို ဘယ်လိုအသုံးပြု တယ်ဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

အရမ်းလွယ်ပါတယ်၊ ကျနော်ကတော့ ကျနော်ကဒီနည်းလမ်းအတိုင်း
အဆင်ပြေတယ်ထားတယ် တစ်ခြားဘော်ဒါတွေလည်း ဒီလိုပဲအဆင်ပြေ
ကြလိမ့်မယ်လို့ ထင်တာနဲ့ ဒီပိုစ့်လေးကိုမရေးဖြစ်တာပါ

၁။ ကဲဗျာ စလိုက်ကြရအောင် ဒီ Note 2 ဖုန်းတွေနဲ့ Font Style  ပါပြီးသား ဖုန်းအားလုံးကို Root စရာမလိုပဲ မြန်မာစာ အလွယ်တကူထည့်ယူနိုင်တဲ့ ဆော့ဝဲ-iFont(Expert of Fonts) v5.3 ကို
အရင်ဦးဆုံး အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ

Download Here

၂။ FrozenKeyboard ကို လည်း ဒေါင်းလော့ရယူလိုက်ပါ

OR

(အပေါ်က ဖောင့် Apk နဲ့ ကီးဘုတ် Apk များကို install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)

၃။ ပြီးရင် Setting>>>Language input>>> FrozenKeyboard ကို
အမှန်ခြစ်ပေးပါ။ ပြီးတော့ Default Font>>> FrozenKeyboard ကိုအမှန်ခြစ်ပါ။
 
၎။ Font Apk လေးကို ဖွင့်လိုက်ပါ အောက်ကပုံကိုကြည့်ပါ
၅။ အောက်ကပုံအတိုင်းမြင်နေရရင်တော့
My လို့ပါတဲ့ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့
နေရာတွေကို ကြိုက်တာကိုနှိပ်လိုက်ပါ။
၆။ အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်
Zawgyi One ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။
၇။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ Zawgyi One အောက်က
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Download ဆိုတာလေးကို
နှိပ်ပေးလိုက်ပါ။ ပြီးရင် လိုင်းအခြေအနေအရ သူ့အလိုလိုဒေါင်းလော့
ယူနေပါလိမ့်မယ်။ ဒေါင်းလော့ပြီးသွားတဲ့အခါ Display>>>Font Style နေရာကို
ရောက်သွားပါလိမ့်မယ် အဲဒီနေရာမှာ စောနားက ဒေါင်းလော့ယူထားတဲ့
Zawygin One ttf ဖောင့်လေးကို အမှန်ဖြစ်ပေးလိုက်ပါပြီးရင် ဖုန်းက
Restart တောင်းလာခဲ့ရင် ချပေးလိုက်ပါ။ ပြန်တက်လာတဲ့အခါ
မြန်မာစာ ရနေပါပြီခင်ဗျာ...။

တကယ်လို့ မလုပ်တတ်သေးရင်တော့ အောက်ပါအတိုင်းလုပ်ပါ

၁။ အရင်ဦးဆုံး ZawgyiOne2014(AungThura)(iFont) ကိုဒေါင်းလော့ရယူပါ
 ဖုန်းမှာ အင်စတောလုပ်လိုက်ပါ။

Download Here 

OR

Download Here 

 ၂။ Setiing>>>Display>>>Font Style>>>ZawgyiOne2014(AungThura)(iFont)
ကိုအမှန်ခြစ်ပေးလိုက်ပါ၊ ဘာ Restart မှ ချပေးစရာမလိုပဲ မြန်မာစာဖောင့်အတွက်
အဆင်ပြေပါပြီ။

တကယ်လို့မလုပ်တတ်သေးရင်တော့
မိမိဖုန်းက Font Style ပါပြီးသားလည်းဖြစ်တယ် Root လုပ်ပြီးတော့လည်း
အသုံးမပြု လိုဘူး မြန်မာစာ လုံးဝအမှန်ရေးနိုင်တယ် ဖတ်နိုင်တယ်
အဲဒီနည်းလမ်းလေးအတိုင်းပဲ အဆင်ပြေချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပါ %100% အဆင်ပြေပါတယ်။

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း

 အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တကယ်လို့ သင်ဟာ အထက်ပါနည်းလမ်းများအတိုင်းအဆင်မပြေသေးဘူးဆိုရင်တော့
မိမိရဲ့ အားနည်းချက်သာ ဖြစ်ပါကြောင်း ကျနော် အာမခံပါသည်။
အများနားလည်အောင် ရှင်းပြထားခြင်းဖြစ်ပါသည်။

ကျနော်ဒီပိုစ့်ကို ၃ ရက်တိုင်တိုင် အားတဲ့အချိန်တိုင်း ရေးခဲ့တာပါ
နည်းပညာညီအစ်ကိုများအနေဖြင့် ပြန်လည်ကူးယူဖေါ်ပြမယ်ဆိုပါက
အချိန်ကုန်ခံပြီး ကြိုးစားထားတဲ့ ကျနော်ကိုတော့ Credit လေးတော့
ပေးခဲ့ကြဖို့ကိုလည်း အထူး ပြေားကြားလိုပါသည်။

အားလုံးကို ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

Post a Comment

 
Top