စင်ကာပူ၊
မိုဘိုင်းဖုန်းအသုံးပြုသောလူငယ်တို့တွင် ဦးနှောက်ကင်ဆာရောဂါ ဝေဒနာဖြစ်ပွားနိုင်သည် ဟုဆေးသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရသိရသည်။
အဆိုပါ ဆေးသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွင် မိုဘိုင်းဖုန်း၏ ရေဒီယိုသတ္တိကြွခင်းသည် ကင်ဆာရောဂါနှင့် ဆက်စပ် နေလျက်ရှိကြောင်းသိရသည်။


ငယ်ရွယ်သောလူငယ်များအနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုပါကဦးနှောက်ကင်ဆာရောဂါဝေဒနာခံစားရမည်ဟု
ဆွီဒင်နိုင်ငံဆေးသုတေသနလေ့လာမှုအရ အ တည်ပြုထားသည်။


စင်ကာပူနိုင်ငံ၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာအထူးတာဝန်ရှိသူ Wong Seng Wengကလည်း အသက်၂ဝ အရွယ်အောက် လူငယ် များတွင် မိုဘိုင်းဖုန်းကိုပိုမို၍ အချိန်ကြာမြင့်စွာအသုံးပြုပါကဦးနှောက်နှင့် အာရုံကြောကိုထိခိုက် စေနိုင်သည်ဟုပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းကိုအချိန်ကြာမြင့်စွာသုံးစွဲသောအသက် ၂ဝ အောက် လူငယ်တို့၏ ဦးနှောက်မှာမှတ်ဥာဏ်အားကိုလျော့နည်းစေမည်ဖြစ်ပြီး၎င်း တို့၏ ဦးနှောက်အာရုံကြောလေးများမှာအလွန် တရာပါးလွှာလျက်ရှိကြောင်းသိရသည်။


အဆိုပါမိုဘိုင်းဖုန်း၏ ရေဒီယိုသတ္တိကြွဓာတ် သည် သုံးစွဲသောလူငယ်များ၏ ဦးနှောက်နှင့် အာ ရုံကြောကိုအလွန်အန္တရာယ် ပေးနိုင်ခြင်းတို့ကြောင့် ဦးနှောက်ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားစေနိုင် သည်ဟုမစ္စတာ Wong Seng Weng ကရှင်းလင်းပြောကြားခဲ့သည်။ 
Ref – CNA

‪#‎TheYangonTimes‬

Post a Comment

 
Top