Photo: သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင် ဖတ်ပါ
================================
ပထမအကြိမ် ၀င်းဒိုးအတက်  နှေးသည်ကို စိတ် ရှည်ရှည် စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ် မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက် မစောင့်ရ တော့ပါ။

စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက် လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။ 

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်း ပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏ တိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥ ကျွတ်ဆေးပါ သုံးပေးပါ။ 

ကွန်ပြူတာ တက်မလာဘဲ အသံမြည် နေတတ်ခြင်းမှာ မန်မိုရီကတ် လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ် မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့် ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။ 

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူ ကိုယ်တိုင်ပါ စိမ်ကောင်း စိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။ 

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ် အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။ အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲ မထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့် ထုပ်ထားပါ။ တိပ်နှင့် ကပ် ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက် ပေးပါ။(ရေအေးဖြင့်သာ တိုက်ပါ) 

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကို သုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ် ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီး ရှာခိုင်းပါ။ အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော် ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။ အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများ မလာရောက်စေရန် ခြင်ထောင်ချ ထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာ အသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ် ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။ ဘယ်ဘုတ်မှ အဆင်မပြေပါက မော်တော်ဘုတ် တပ်ကြည့်ပါ။ အဆင်ပြေ သွားနိုင်ပါသည်။ 

မိမိကွန်ပြူတာကို အခြားတစ်ဦး မကိုင်စေရန် system ပုံးကို သွားလေရာ ဖြုတ်ပြီး သယ်သွားပါ။ laptop ကွန်ပြူတာဆိုပါက စိတ်အချရဆုံး နည်းလမ်းမှာ သော့တပ်ပြီး ခတ်ထားပါ။ 

*** သတိ မူရင်းသော့ မပျောက်ပါစေနှင့်။ ***

ဟာသ သီးသန့် 
KZ

http://www.winkabarkyaw.net

Post a Comment

  1. ဒီညလုပ်​ကြည့်​မယ်​ဆြာ

    ReplyDelete

Top