Photo: iOS 8 Beta နှင့် Android L တို့ကိုနှိုင်းယှဉ်ချက် [Side by Side Virtual Comparison]
----------------------
၂၀၁၄ ဇွန်လအစပိုင်းမှာ Apple ဟာ ၄င်းတို့ရဲ့ ၈ ခုမြောက် Mobile Operating System မျိုးဆက်သစ်ဖြစ်တဲ့ iOS 8 ကိုစတင်မိတ်ဆက်ပြသခဲ့ပြီးဖြစ်ပါတယ်။ iOS 8 မှာဆိုရင် ယခင် iOS version တွေထက် ပိုကောင်းအောင် ၊ အဆများစွာပိုမြန်အောင်ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားသလို ၊ ၄င်းတို့ရဲ့လက်ဗွေဖတ်စနစ်ကို Third party app များမှာထည့်သွင်းရေးသားခွင့်ပြုပေးလိုက်ခြင်း ၊ iOS စနစ်အတွင်းသို့ Apple ကထုတ်ဝေထားသော ကီးဘုတ် app မဟုတ်ဘဲ အပြင် developer များမှရေးသားသော Third party Keyboard app များကိုလည်း App Store တွင်အလွယ်တကူတင်ပြီး ယင်း app အား App Store မှအလွယ်တကူ install ပြုလုပ်သုံးစွဲနိုင်စေရန်စီစဉ်ပေးလိုက်ခြင်း ၊ Developer များအတွက် ယခင်ထက် iOS app ရေးသားရာတွင် အဆပေါင်းများစွာပိုကောင်းလာစေမည့် Language အသစ် "Swift" ကိုမိတ်ဆက်ပေးလိုက်ခြင်း စသည့် ပြုပြင်ပြောင်းလဲမှုပေါင်းများစွာဖြင့်မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။

ဇွန်လကုန်ပိုင်းလောက်မှာတော့ Google ကုမ္ပဏီကလည်း ၄င်းတို့ရဲ့ Android သစ်ဖြစ်တဲ့ Android L ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Android L မှာဆိုရင်လည်း အရင်ထွက်ပြီးသား Android version တွေထက် ပိုကောင်း ၊ ပိုမြန်အောင်ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားတာကိုတွေ့ရပါတယ်။ ယခင်ထွက်ရှိပြီး Android version တွေနဲ့နှိုင်းယှဉ်လိုက်ရင် Android L မှာထင်ရှားတဲ့ပြောင်းလဲမှုတွေအနေနဲ့ Notification Center ပိုင်းမှာပိုမိုကောင်းမွန်လာခြင်း ၊ Security ပိုင်းမှာဆိုရင်လည်း users က သူ့ဖုန်းရဲ့ passcode မေ့သွားတဲ့အခြေအနေမှာ PIN/passcode Lock တွေခဏခဏရိုက်လိုက်လို့ Lock ကျသွားတဲ့အဖြစ်တွေကနေတတ်နိုင်သမျှလျှော့ချနိုင်ရန် Trusted Enviroment လို့ခေါ်တဲ့ Passcode ပေးစဉ်က User ရဲ့လက် (သို့မဟုတ်) ရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အရာဝတ္တုတစ်ခုခုကိုမှတ်သားထားပေးပြီး ယင်း Enviroment အခြေအနေနဲ့ Lock ဖွင့်ပေးနိုင်မယ့် Security စနစ်ကိုထည့်သွင်းပေးလိုက်ခြင်း ၊ 3D Effect များကိုအထောက်အပံ့ပေးလာခြင်း ၊ Speed နဲ့ Graphic ပိုင်းမှာ ပိုမိုကောင်းမွန်လာခြင်းစတဲ့ ပြောင်းလဲမှုများစွာရှိလာပါတယ်။

အသွင်အပြင်ပိုင်းများမှာတော့ ယခု နောက်ဆုံးထွက်ရှိထားတဲ့ နာမည်ကျော် မိုဘိုင်း OS ၂ ခုရဲ့မျိုးဆက်သစ် OS ၂ မှာပါဝင်တဲ့ စနစ်တစ်ခုချင်းစီရဲ့ ဒီဇိုင်းအသွင်အပြင်ဟာ သိပ်ပြီးကွဲပြားမှုမရှိဘဲ ခပ်ဆင်ဆင်အသွင်ရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် iOS 8 (Beta) ရဲ့ စနစ် အသွင်အပြင်များ နဲ့ Android L ရဲ့စနစ်အသွင်အပြင်တစ်ခုချင်းကို နာမည်ကျော် Mobile Reviews Site တစ်ခုဖြစ်တဲ့ "Redmond Pie" ကနေနှိုင်းယှဉ်ပြသထားတာကိုတွေ့ပါတယ်။ ယင်း iOS 8 နဲ့ Android L တို့ကို Screenshot တစ်ခုချင်းစီနဲ့နှိုင်းယှဉ်ထားခြင်းကိုအောက်က link မှာကြည့်ရှုလေ့လာနိုင်ပါတယ်။

http://www.myanmarmobileapp.com/?p=53527

သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

----------------------
၂၀၁၄ ဇွန်လအစပိုင်းမှာ Apple ဟာ ၄င်းတို့ရဲ့ ၈ ခုမြောက် Mobile Operating System မျိုးဆက်သစ်ဖြစ်တဲ့ iOS 8 ကိုစတင်မိတ်ဆက်ပြသခဲ့ပြီးဖြစ်ပါတ...ယ်။ iOS 8 မှာဆိုရင် ယခင် iOS version တွေထက် ပိုကောင်းအောင် ၊ အဆများစွာပိုမြန်အောင်ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားသလို ၊ ၄င်းတို့ရဲ့လက်ဗွေဖတ်စနစ်ကို Third party app များမှာထည့်သွင်းရေးသားခွင့်ပြုပေးလိုက်ခြင်း ၊ iOS စနစ်အတွင်းသို့ Apple ကထုတ်ဝေထားသော ကီးဘုတ် app မဟုတ်ဘဲ အပြင် developer များမှရေးသားသော Third party Keyboard app များကိုလည်း App Store တွင်အလွယ်တကူတင်ပြီး ယင်း app အား App Store မှအလွယ်တကူ install ပြုလုပ်သုံးစွဲနိုင်စေရန်စီစဉ်ပေးလိုက်ခြင်း ၊ Developer များအတွက် ယခင်ထက် iOS app ရေးသားရာတွင် အဆပေါင်းများစွာပိုကောင်းလာစေမည့် Language အသစ် "Swift" ကိုမိတ်ဆက်ပေးလိုက်ခြင်း စသည့် ပြုပြင်ပြောင်းလဲမှုပေါင်းများစွာဖြင့်မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။

ဇွန်လကုန်ပိုင်းလောက်မှာတော့ Google ကုမ္ပဏီကလည်း ၄င်းတို့ရဲ့ Android သစ်ဖြစ်တဲ့ Android L ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Android L မှာဆိုရင်လည်း အရင်ထွက်ပြီးသား Android version တွေထက် ပိုကောင်း ၊ ပိုမြန်အောင်ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထားတာကိုတွေ့ရပါတယ်။ ယခင်ထွက်ရှိပြီး Android version တွေနဲ့နှိုင်းယှဉ်လိုက်ရင် Android L မှာထင်ရှားတဲ့ပြောင်းလဲမှုတွေအနေနဲ့ Notification Center ပိုင်းမှာပိုမိုကောင်းမွန်လာခြင်း ၊ Security ပိုင်းမှာဆိုရင်လည်း users က သူ့ဖုန်းရဲ့ passcode မေ့သွားတဲ့အခြေအနေမှာ PIN/passcode Lock တွေခဏခဏရိုက်လိုက်လို့ Lock ကျသွားတဲ့အဖြစ်တွေကနေတတ်နိုင်သမျှလျှော့ချနိုင်ရန် Trusted Enviroment လို့ခေါ်တဲ့ Passcode ပေးစဉ်က User ရဲ့လက် (သို့မဟုတ်) ရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အရာဝတ္တုတစ်ခုခုကိုမှတ်သားထားပေးပြီး ယင်း Enviroment အခြေအနေနဲ့ Lock ဖွင့်ပေးနိုင်မယ့် Security စနစ်ကိုထည့်သွင်းပေးလိုက်ခြင်း ၊ 3D Effect များကိုအထောက်အပံ့ပေးလာခြင်း ၊ Speed နဲ့ Graphic ပိုင်းမှာ ပိုမိုကောင်းမွန်လာခြင်းစတဲ့ ပြောင်းလဲမှုများစွာရှိလာပါတယ်။

အသွင်အပြင်ပိုင်းများမှာတော့ ယခု နောက်ဆုံးထွက်ရှိထားတဲ့ နာမည်ကျော် မိုဘိုင်း OS ၂ ခုရဲ့မျိုးဆက်သစ် OS ၂ မှာပါဝင်တဲ့ စနစ်တစ်ခုချင်းစီရဲ့ ဒီဇိုင်းအသွင်အပြင်ဟာ သိပ်ပြီးကွဲပြားမှုမရှိဘဲ ခပ်ဆင်ဆင်အသွင်ရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် iOS 8 (Beta) ရဲ့ စနစ် အသွင်အပြင်များ နဲ့ Android L ရဲ့စနစ်အသွင်အပြင်တစ်ခုချင်းကို နာမည်ကျော် Mobile Reviews Site တစ်ခုဖြစ်တဲ့ "Redmond Pie" ကနေနှိုင်းယှဉ်ပြသထားတာကိုတွေ့ပါတယ်။ ယင်း iOS 8 နဲ့ Android L တို့ကို Screenshot တစ်ခုချင်းစီနဲ့နှိုင်းယှဉ်ထားခြင်းကိုအောက်က link မှာကြည့်ရှုလေ့လာနိုင်ပါတယ်။

http://www.myanmarmobileapp.com/?p=53527

သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
See More

Post a Comment

 
Top