Android OS အသုံးပြုသူများအတွက် မတ်လ(18)ရက်နေ့မှာ Update ထွက်ရှိလာတဲ့ Shwebook Reader v 1.1.0 ကိုတင်ပေလိုက်ပါတယ်။Shwebook Reader Version 1.1.0 သည် Android OS သုံးဖုန်းများအတွက် မြန်မာ့ ပထမဦးဆုံး အဘိဓါန်ပါ တွဲရက်ပါဝင်သော PDF Reader ဖြစ်ပါသည်။ Shwebook Dictionary မှ ဖန်တီးထားပြီး Shwebook eBook Store အား Version 2.0.0 နှင့်အထက်တွင် အခမဲ့ အသုံးပြုသွားနိုင်ရန်လည်း ကြိုးပမ်းနေကြောင်းသိရပါတယ်။ အရိုးရှင်းဆုံးဖြင့် အသုံးပြုရ လွယ်ကူအောင် အထူးပြုလုပ်ဖန်တီးထားတာကိုတွေ့ရပါတယ်။
 မိမိ သိရှိလိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်အား သိရှိရင် စာသားပေါ်တွင် ခဏဖိနှိပ်ထားပေးရုံသာဖြစ်ပြီး Shwebook Dictionary Icon ပေါ်သို့ ကလစ်နှိပ်၍ အဘိဓါန် စတင်လိုက်ပါက မိမိသိလိုသော ဝေါဟာရ၏အဓိပ္ပါယ်ကို သိရမည်ဖြစ်ပါသည်။ Shwebook Reader v1.1.0for Android ကို Developer ကိုကျော်ကျော်မှ ရေးသားထားပါသည်။  အရင်ဗားရှင်းတုန်းက Ebook တွေ scan ဖတ်တဲ့အခါမှာ internal storage ကိုပဲ ဖတ်တာဖြစ်ပြီးအခုအသစ်ထွက်ဗားရှင်းမှာတော့
 Removable SD ကိုပါ Scan ဖတ်ပေးပြီ ဖြစ်ပါတယ်။ Shwebook Reader v1.1.0 for Android ကိုအောက်က link မှာရယူနိုင်ပါသည်။
Download Here
====

အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org

Post a Comment

 
Top