viber_lead
iphone တွေမှာ Viber က Original rigtone ကို မိမိစိတ်ကြိုက် ringtone ပြောင်းခြင်း
iphone တွေမှာ Viber က Original rigtone ကို မိမိစိတ်ကြိုက် ringtone ပြောင်းလဲဖို့အတွက် itools Software ရှိနေရပါမယ်။ ပြီးရင်မိမိ ပြောင်းခြင်တဲ့ mp3 ဖြစ်ဖြစ် wav ဖြစ်ဖြစ် Audio file လေးတစ်ခုရှိနေရပါမယ်။ မရှီသေးရင် အောက်က Link တွေမှာ ရယူနိုင်ပါတယ်။

iTools Download

232549

Ringtones Download

1901176_531234966989682_1468478868_n
၁။ မိမိကွန်ပြူတာရဲ့ Destop မှာ Floder တစ်ခုတည်ဆောက်လိုက်ပါ။ Folder ကိုဘာနာမည်ပေးပေးရပါတယ်။ ပြီးရင် Folder ထဲကိုဝင်ပါ။ Folder ရဲ့ ဘယ်ဘက်အပေါ်နားလေးက Organize  ကို Click တစ်ချက်နှိပ်ပြီး Folder and search options ထဲကိုဝင်ပါ။ View tab ကိုသွားပါ။ ပြီးရင်း Hide extensions for known file types ဆိုတာလေး အမှန်ချစ်ဖြစ်နေရင် ဖြုတ်ပေးပါ။ အမှန်ချစ် ရှိမနေရပါဘူး။ ပြီးရင်တော့ OK နှိပ်ပြီး Folder Options ကို ပိတ်လိုက်ပါ။
၂။ မိမိတည်ဆောက်သော  Folder ထဲကို မိမိ Viber မှာပြောင်းလဲခြင်သော Rintone Audio File လေး Copy ကူးထည့်ပေးပါ။ ပြီးရင် အဲ့ Audio File ကို Slect မှတ်ပြီး Rigth click ကိုတစ်ချက်နှိပ်ပြီး Rename ဆိုတာကိုရွေးပေးပါ။ ပြီးရင် mp3 ကိုရွေးချယ်ခဲ့တယ်ဆိုရင် … filename.mp3 ဆိုပြီးလာပြနေပါ့မယ်။ wav ကိုရွေးချယ်ခဲ့တယ်ဆိုရင်တော့ filename.wav ဆိုပြီးလာပြနေပါလိမ့်မယ်။ ထိုအခါ filename ဆိုတဲ့ နေရာမှာ default လို့ပြောင်းရေးပြီး .mp3 ဆိုတဲ့နေရာမှာ .caf ဟု file extensions ပါပြောင်းလဲပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးပြောင်းလဲခြင်းမှာ ထိုကဲ့သို့ဖြစ်ရပါမယ် default.caf … ထို့သို့ပြောင်းလဲ ရေးပြီးပြီဆိုလျှင် Enter တစ်ချက်ခေါက်ပါ။ ထိုအခါ Box တစ်ခုကြလာပါ လိမ့်မည်။ file extensions ကိုရောပြောင်းမှာလား ဆိုပြီး လာမေးတဲ့အတွက် Yes ကိုနှိပ်လိုက်ပါ။
၃။ itools ကိုဖွင့်ပါ။ ပြီးရင် phone နဲ့ PC နဲ့ချိတ်ပါ။ itools မှာ ကိုယ့်ဖုန်းပေါ်လာပြီဆိုရင် itools က ဘယ်ဘက်အောက်နားက FileSystem ဆိုတဲ့ Folder icon လေးကိုရွေးပါ။ ပြီးရင်ဘေးက တဆက်တည်းရှိတဲ့ Box ထဲက Directory ဆိုတဲ့ Folder အောက်က Apps (User) ကိုတစ်ချက် Click နှိပ်ပါ။ ထို့နောက် ညာဘက်က တဆက်ထဲရှိတဲ့ Box ထဲမှာ Viber ကိုရွေးပြီး Right click > open ကိုနှိပ်ပြီး Viber file extentions ကိုဖွင့်ပါ။ ထိုအခါ Viber.app ဆိုတဲ့ Folder နောက်တစ်တွေ့ပါလိမ့်မယ်။ ထို Folder ကိုလဲ Right click > open ပဲထပ်နှိပ်ပါ။ ထိုအခါ delaut.caf ဆိုတဲ့ file ကိုရှာပါ။ ထို file ကိုတွေ့ပါက Right click > Delete လုပ်လိုက်ပါ။ Delete လုပ်ပြီးပါက itools ရဲ့ အပေါ် bar မှာ Import ဆိုတဲ့ icon က down arrow ကိုတစ်ချက်နှိပ်ပြီး file ကိုရွေးပါ။ ပြီးရင်တော့ ကျနော်တို့ Destop ပေါ်က ခုဏ တည်ဆောက်ခဲ့တဲ့ Folder ထဲက default.cat အမည်ရှိ file လေးကိုရွေးပြီး open နှိပ်လိုက်ပါ။ ခဏစောင့်ပြီး Import လုပ်ပြီးသွားပြီဆိုရင်တော့ itools ကိုပိတ်ပြီး PC နဲ့ ဖုန်းချိတ်ထားတာ ဖြုတ်ပြီး Viber incoming call ကိုစမ်းသပ်နိုင်ပါပြီ။ …

Post a Comment

 
Top