Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။ Viber animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။ Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message မပါဘာတာလဲ ? ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန်တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။ Viber က သပ်သပ် Zoobe – 3D animated messages သပ်သပ်ပါ။ Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။ Zoobe – 3D Animated Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။ Zoobe – 3D Animated Message Application ဟာ google play storeမှာ အခမဲ့ရယူနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5 stars ပေးခြင်းကိုခံခဲ့ရပါတယ်။ Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …

Requirements

Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။
မရှိရင် ဒီမှာဒေါင်းပါ …
Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။

မရှိရင်  ဒီမှာဒေါင်းပါ …

ကျနော် MMUG မှာ သူများတွေကို Animated Message ဖြန့်ဝေ ပေးခဲ့တယ်ဆိုတာက ကျနော့်မှာ Zoobe Application ရှိနေပြီး တစ်ဖက်လူမှာ Zoobe Application မရှိလို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း.. 

အောက်ကလင့်မှာ PDF ဖိုင်ဒေါင်းပြီး လုပ်နည်းအသေးစိပ်ကို ဖတ်ကြည့်ကာ ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်..
>>Download PDF << / >> Download PDF 2 <<


အဆင်ပြေပါစေ..
မြန်မာပြည်၏ပထမဦးဆုံးနှင့်လူတိုင်းအတွက်အကျိုးအရှိဆုံး click2kyat.yolasite.com လာပါပြီ။

မောင်ပေါက်< Knowledge Note >

Post a Comment

 
Top