ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နေပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
Custom ROM ဆိုတာဘာလဲ ? ROM ဆိုတာ Read Only Memory ပါ။ ဒါပေမယ့်
ဒီ Android မှာတော့ ROM ဆိုတာကို ဖုန်းတစ်ခုချင်းအတွက် စီမံထားတဲ့ Android OS
 ကိုဆိုလိုတာပါ။ဥပမာ- HTC Desire ဖုန်းနဲ့  Samsung Galaxy ဖုန်းတို့ က Android ကို
သုံးထားတာချင်းတူပေမယ့် အပြင်အဆင်လေးတွေ နည်းနည်းတော့ ကွာကြပါတယ်
ဖုန်းထုတ်လုပ်သူတွေက Android ကို Google ကပေးတဲ့အတိုင်း မထုတ်လုပ်ဘဲ ထူးခြား
နေအောင်လို့  နည်းနည်းလေးတော့ အလှအပလေးတွေ လိုက်ထည့်တတ်ပါတယ်။ အဲဒါကြောင့်
 လည်း widget လေးတွေ Message Box တွေကအပြင်အဆင်လေးတွေက ဖုန်းတခုနဲ့ တခုမတူညီကြပါဘူး။
အဲဒီလို အပြင်ပိုင်း အလှအပ အပြင်အဆင်လေးတွေအပြင် Android ကိုကိုယ့်ဖုန်းရဲ့  Hardware န
ဲ့ ဟန်ချက်ညီအောင်လည်း ပြင်ဆင်ရပါသေးတယ်။ဥပမာ- Camera 3.5 megapixel သုံးထားတာလား
 5 megapixel သုံးထားတာလား ဆိုတာ ကို Android နဲ့ လိုက်လျှောညီထွေဖြစ်အောင် ချိန်ညှိထားတာမျိုးတွေရှိပါတယ်။
အဲဒီလို ဖုန်းနဲ့ ဟန်ချက်ညီ တဲ့ Android ကို ROM လို့ ခေါ်ပါတယ်။ Samsung Galaxy Note 2 နဲ့ ဟန်ချက်ညီတဲ့
Android OS ကို Samsung Galaxy Note 2 ROM လို့ ခေါ်မှာ ပါ။Google ကပေးထားတဲ့ Android ကိုဘယ်သူအခမဲ့
ရယူနိုင်ပေမယ့် ဖုန်းရဲ Hardware ရဲ့  ဟန်ချက်ညီအောင် ပြင်ဆင်ဖို့ ကတော့ ပညာရှင် မဟုတ်သူတွေအတွက် မဖြစ်နိုင်ပါဘူး ။
အဲဒါကြောင့် ကိုယ့်ဖုန်းအတွက် ROM ကို Update လုပ်ချင်တဲ့အခါမျိုးမှာ ဖုန်းထုတ်လုပ်သူ ဆီက ကိုယ့်ဖုန်း အတွက် ROM ကိုရရှိမှ
 ကိုယ့်ရဲ့  Android ကို version မြှင့်နိုင်တော့မှာပါ။ အဲဒီလို ဖုန်းဝယ်ကတည်းကပါလာတဲ့ ROM ကို Official ROM လို့ ခေါ်ပါတယ်။
ရှေ့ကပြောခဲ့သလို Google က Android ကိုအခမဲ့ ပေးထားတာဖြစ်လို့  ဘယ်သူမဆိုလွပ်လပ်စွာ Download ရယူပြုပြင်နိုင်တာကြောင့်
 ပြင်ပက Developer တွေက ဖုန်းတချို့ အတွက် ဟန်ချက်ညီညီ အသုံးပြုနိုင်မယ့် ROM တွေကို ဖန်တီးပြီး ဖြန့် ဝေလေ့ရှိပါတယ်။အဲဒါကို
Custom ROM လို့ ခေါ်ပါတယ်။ ဥပမာ- Developer တစ်ယောက်က Android ကို Google ကနေ Download ယူပြီး Samsung Galaxy Note 2
 ရှိနေမယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်။ အဲဒီ့လို Samsung ကမဟုတ်ဘဲအပြင်က Developer တွေရေးထားတဲ့ ROM တွေကို Custom ROM လို့ ခေါ်ပါတယ်
Custom ROM တွေက ဖုန်းထုတ်လုပ်သူတွေဖြန့်ဝေပေးတဲ့ ROM မဟုတ်တာကြောင့် ROM ကောင်းမကောင်းဆိုတာ Developer ရဲ့ အစွမ်းအစပေါ်မူတည်နေပါတယ်။
အဲဒါကြောင့် Custom ROM တွေဟာ ကိုယ့်ဖုန်းအတွက်ပြည့်အ၀ စိတ်ချရစေတဲ့ ROM တွေတော့ မဟုတ်ပါဘူး။
ဒါဆိုကျနော်တို့  Custom ROM တွေကို ဘာလို့ ထည့်ကြသလဲ………? ဆိုကြပါစို့  ကျွန်တော်ဆီမှာ
Huawei C8600 Android ဖုန်းလေး ရှိတယ်ပေါ့ဗျာ။ အဲဒီမှာ Android က 2.1 ပဲပါတယ်။ကျွန်တော်က
Flash Player Apps ထည့်ချင်နေတယ်။ဒါပေမယ့် ထည့်မရပါဘူး။ 2.3 မှ ထည့်လို့ ရမယ်လို့ လာပြောနေပြီ
။အဲဒါဆို ဘာလုပ်မလဲ။ Android ကို version မြှင့်မှာပေါ့။အဲဒီတော့ Huawei C8600 အတွက် Android 2.2
ကိုလိုက်ရှာတော့ Huawei က C8600 အတွက် Android 2.2 ကိုမလုပ်ရသေးဘူး၊လုပ်လည်းမလုပ်တော့ဘူး။
သူတို့ က Phone Model အသစ်တွေကိုပဲ ထုတ်ရောင်းနေပြီလေ။Model ပိုမြင့်တဲ့ C8655 ဒါမှမဟုတ် C8800
မှာ Android 2.3 ပါပြီးသားတဲ့ အဲဒါကိုပဲဝယ်ဖို့ ညွှန်းပါတယ် Flash Apps လေးတခုအတွက်နဲ့ ကိုယ်ကလည်း
 ဖုန်းအသစ် မ၀ယ်ချင်ဘူး အဲဒီတော့ C8600 အတွက်တခြား Developer တွေဖန်တီးပေးထားတဲ့ Android 2.2 ROM ကိုရှာရပါတော့တယ်။
Android version မြင့်သွားတဲ့အခါမှာ Framework Level တွေမြင့်ကုန်လို့ နောက်ပိုင်းထွက်တဲ့ apps တွေက
 Framework အမြင့်တွေနဲ့ ရေးဆွဲထားတာ များတာကြောင့် Android version နိမ့်ရင်သုံးလို့ မရတော့ပါဘူး။
 ဒါကြောင့် Android version မြှင့်ဖို့ အတွက် Stock ROM update မရတဲ့ဖုန်းတွေက Custom ROM ကိုပဲ အားကိုးရတော့တာပဲ။
Cutom ROM တွေက Stock ROM တွေထက်ပိုမြန်တယ်၊စွမ်းရည်ပိုကောင်းတယ်၊Memory အသုံးပြုနှုန်းနည်းတယ်၊
Battery အစားသက်သာတယ်။ဘာလို့ လဲဆိုတော့ Custom ROM တွေထဲမှာ Stock ROM တွေထဲမှာ တွေ့ ရတတ်တ
ဲ့ အသုံးမလို တဲ့ဟာတွေကို ဖယ်ထုတ်ပြီးသား ဖြစ်နေလို့ ပါ။
Stock ROM နဲ့ တွဲပါတဲ့ Apps တွေက ဖြုတ်ချလို့ မရတာများပါတယ်။
ဥပမာ - Huawei က ဘာမှန်းမသိတဲ့ တရုတ်လိုရေးထားတဲ့ Apps တွေက ကျနော် တို့ အတွက်တော့
 အမှိုက်တွေပါပဲပြီးတော့ ဖယ်ထုတ်လို့ လည်းမရဘူးလေ နောက်ပြီး Developer တွေက
တစ်ကယ်အသုံးတည့်မယ်ထင်တဲ့ Apps တွေလောက်ထည့်ပေးလိုက်တာဆိုတော့ Stock ROM
တွေထက် Battery အစားသက်သာ ပါတယ်။ဒီတော့ Custom ROM ကိုမကြိုက်တဲ့သူ ရှိပါ့မလား။
သူ့မှာလည်းအားနည်းချက်လေးတော့ ရှိတာပေါ့။Developer ကသူ့စိတ်ကြိုက်ဖန်တီးထားတာဆိုတော့
သူနဲ့ အကြိုက်ချင်းတူရင်တော့ ကောင်းတာပေါ့။အကြိုက်ချင်းမတူတဲ့အခါတွေကျတော့ သုံးရတာသိပ်စိတ်တိုင်းမကျရင်တော့ဘူး။
အဲဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် Custom ROM ကိုထပ်ရှာတင်ရပြန်ရော။ နောက်ပြီးတစ်ချို့ Custom ROM တွေမှာ ဆိုရတော့
 wifi မရတာမျိုး Bluetooth မရတာမျိုး၊3G မရတာမျိုးတွေလိုအသေးအဖွဲ့ ပြသနာလေးတွေရှိတတ်ပါတယ်။ကိုယ်က
 Bluetooth အသုံးနည်းတဲ့ သူဆိုရင် Bluetooth Bug ပါတဲ့ Custom ROM နဲ့ လည်းကိုယ်နဲ့ အဆင်ပြေနေမှာပဲမဟုတ်လား။
Custom ROM တွေကနာမည်ကြီးတဲ့ ROM ကိုပဲရွေးသုံး စေချင်ပါတယ်။ Cyanogen နဲ့  MIUI တို့ က နာမည်ကြီးတဲ့ Custom ROM ပြုလုပ်ပေးတဲ့ သူတွေပါ။
Cyanogen ကတော့ Custom ROM အမြောက်အများရေးပေးခဲ့တဲ့ နာမည်အကြီးအဆုံး Group ပါပဲ။
 သူတို့ ရဲ့ Cyanogen Mod ROM တွေက Google ကပေးထားတဲ့ Code အတိုင်းကို ဖုန်းနဲ့ အံဝင်ဂွင်ကျ ဖြစ်အောင်
 ရေးသားထားတာဖြစ်လို့ Clean ROM ဆိုပြီးနာမည်ကြီးပါတယ်။ တစ်ခြား Custom ROM တွေထက် Error နည်းသလိုပြည့်စုံတဲ့
ROM လည်းဖြစ်ပါတယ်။(တစ်ချို့ Custom ROM တွေဆိုရင် Cyanogen လို Android တခုလုံးအပြည့်အစုံမပါတာမျိုး ဖုန်းထဲမှာရှိတဲ့
Android ပေါ်မှာ Update လုပ်သွားတဲ့ Custom ROM မျိုးလည်းရှိတတ်ပါတယ်။)

Credit: http://koye9992.blogspot.com

Post a Comment

 
Top