iPhone, iPad အစရှိသော iDevices များကို အသုံးပြုနေသူများ တစ်ခါတစ်ရံ အခန့်မသင့်သည့် အခါမျိုးတွင် မိမိကွန်ပျူတာရှိ iTunes က မိမိ၏ iPhone, iPad တို့ကို မသိတော့ပဲ "iTunes cannot detect iPhone device" အဖြစ်မျိုး၊ Detect သိသော်လည်း App များကို Sync လုပ်၍မရသော အဖြစ်မျိုးများကို ကြုံတွေ့ရတတ်ပါတယ်...

ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်၊ Connection Cable ၏ ချို့ယွင်းမှုကြောင့်သော်၎င်း၊ မိမိ၏ ကွန်ပျူတာတွင် Driver သွင်းယူမှု မမှန်ကန်ခြင်း၊ Device ၏ Hardware ပိုင်းမှာ ပြဿနာရှိနေခြင်း စတဲ့ မတူနိုင်တဲ့ အခြေအနေတွေများကြောင့် ယခုလို Detect မသိတော့တဲ့ ပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် Hardware ပြဿနာက လွဲ၍ "iTunes cannot detect iPhone device" ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အစုံစုံကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်...

ပြဿနာ (၁)
iPhone ကို iTunes နှင့် ချိပ်ဆက်လိုက်သောအခါ iTunes က Detect သိနေသေည်လည်း Applications များကို "Sync" လုပ်၍မရခြင်း

အကြောင်းရင်း : iPhone ၏ Setting တွင် Applications restriction ကို ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။

ဖြေရှင်းရန်
Settings -> General -> Restrictions -> Disable Restrictions




ပြဿနာ (၂)
iTunes က မိမိ၏ iPhone ကို Detect မသိတော့ခြင်း

အကြောင်းအရင်း : iPhone တွင် Cydia ထဲမှနေ၍ Tweak တစ်ခုခုသော်၎င်း၊ Tool တစ်ခုခုသော်၎င်း သွင်းယူထားမိ၍ ဖြစ်ပါသည်။

ဖြေရှင်းရန်
အဆိုပါ Tewak / Tool ကို Cydia မှ ပြန်လည် Remove/Uninstall လုပ်ပါ။


ပြဿနာ (၃)
iTunes က မိမိ၏ iPhone ကို လုံးဝ Detect မသိတော့ခြင်း

ဖြေရှင်းရန်
Temp file များကို ဖျက်ပစ်ခြင်းနှင့် ပြေလည်နိုင်ပါလိမ့်မည်။

Window XP အတွက်
မိမိ Computer ၏ (C:\Documents and Settings\Username \Local Settings\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် (အချို့ ဖျက်မရသော File များရှိနေပါက Skip လုပ်ပါ) iTunes ကို ပြန်ဖွင့်ပါ။

Window 7 & Vista အတွက်
မိမိ Computer ၏ (C:\Users\Username\AppData\Local\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် iTunes ကို ပြန်ဖွင့်ပါ။
မှတ်ချက်။ ။ "AppData" folder ကို မြင်နိုင်ရန် Folder Options -> View တွင် Show hidden files and.... ကို ရွေးထားပေးရန်လိုသည်။


ပြဿနာ (၄)
တစ်စုံတစ်ခုကြောင့် iPhone ကို Detect မသိတော့ခြင်း

ဖြေရှင်းရန်
iFunBox, iFile, iTool အစရှိသော third party software များကို အသုံးပြု၍ (/var/mobile/Media/iTunes_Control) တွင်းမှ Files & Folders များကို ဖျက်ပစ်ပါ။


ပြဿနာ (၅)
iPhone က အခြား Computer များတွင် Detect လုပ်နိုင်သော်လည်း မိမိ Computer တွင်မသိခြင်း

ဖြေရှင်းရန်
အောက်ပါ အဆင့်များအတိုင်း iTunes ကို Uninsatll လုပ်ပါ။
     1. iTunes
     2. QuickTime
     3. Apple Software Update
     4. Apple Mobile Device Support
     5. Bonjour
     6. Apple Application Support
     7. Restart PC

ပြီးပါက iTunes နောက်ဆုံး ဗားရှင်းကို ဤနေရာတွင် Download လုပ်ပြီး Install ပြန်လုပ်ပါ။

iTunes Detect မသိခြင်း ပြဿနားများကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြပါစေ...

credit: http://www.moethagyar.info (မိုးသိကြား)

Post a Comment

 
Top