ကျွန်တော်က ဒီဘလော့မှာ အခုမှ စရေးတာပါ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ပါဘူး ကျွန်တော့်ဘက်ကလည်း အချိန်မပေးနိုင်တာပေါ့ ဒါပေမဲ့ မဖြစ်တော့ဘူး ထင်လို့ရေးမှ ဖြစ်မယ်ထင်လို့တင်လိုက်တာပါ ခုရက်ပိုင် အွန်လိုင်းမှာ Lock အလုံးကို version မြှင့်လိုက်လို့ lock ပြန်ကျသွားတာတွေ တွေ့နေရတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ ရောင်းတဲ့လူတွေကလည်း ကိုယ်ပိုက်ဆံရ ကိုယ်ဟန်းဆန်းထွက်ပြီးရင် ဆိုပြီးရောင်းနေကျတာတွေ့ရတော့........ကဲ Intro ၀င်တာလည်းရှည်သွားပြီ
ပထမဆုံးအနေနဲ့ ကျွန်တော်တို့  ဒီဆိုဒ်မှာ http://iphoneimei.info/ သွားပြီးတော့ ၀င်ကြည့်လိုက်ပါ
ပြီးရင် Enter Iphone Imei Number မှာ မိမိဖုံးရဲ့ Imei နံပါတ်ကိုရိုက်ထည့်ပါ
                                   



 အဲဆိုဒ်မှာ ၀င်ကြည့်လိုက်ရင်  Carrier မှာ မိမိဖုံးဟာ ဘယ်နိုင်ငံရဲ့အလုံးဆိုတာသိနိုင်ပါတယ် American ဆိုရင် AT & & , Singapore ဆိုရင် Singtel စသဖြင့်ပေါ့ဗျာ
နောက်တဆင့်ကတော့  sim lock ဆိုတဲ့နေရာမှာသွားကြည့်လိုက်ရင် locked လို့ပြထားရင်တော့ Lock အလုံးပါ ကျွန်တော်အပေါ်မှာပြထားတဲ့ပုံကတော့ Lockအလုံးပါ မိမိဖုံးဟာ unlock ဆိုရင်တော့ Unlocked လို့ပြမှာပါ အဲမှာ ချွင်းချက်အနေနဲ့ပြောချင်တာက  ကျွန်တော် ဟိုတလောက အကိုတစ်ယောက် ဖုံးဝယ်တော့ လိုက်ကြည့်မိတယ်ဗျ အဲမှာ ကြည့်မိတော့ Sim Lock ဆိုတဲ့နေရာမှာ Retail Lock ဆိုတာတွေ့ရတယ် Retail Lock ဆိုတာကတော့ တနည်းအားဖြင့်ဆိုသော် Lock အလုံးလို့ပဲကျွန်တော်ထင်မိပါတယ် သူက ခုနောက်ပိုင်း Gevey Sim တို့ဘာတို့နဲ့ဖြေလို့ရတာကိုဗျ
အဲလို အလုံးဆိုရင်လည်း မ၀ယ်သင့်ပါဘူးလို့ အကြံပေးချင်ပါတယ် ဘာလို့လဲဆိုတော့ Gevey Sim နဲ့ Lock ဖြေထားရင် Lock ဖြေထားတဲ့ version ပဲသုံးလို့ရပါတယ် version update လုပ်လို့မရနိုင်ပါ

ဒါဆိုရင် Lock & Unlock ခွဲခြားနိုင်ပြီလို့သိနိုင်ပြီလို့ထင်ပါတယ်ဗျ
ကျွန်တော်က ခုမှ စရေးတာဆိုတော့ စားအရေးအသား ကောင်းကောင်းမွန်မွန်မရေးနိုင်တာကို ခွင့်လွှတ်ပေးပါဗျ

Aungmyominn
အဆင်ပြေပါစေ . . .

နည်းပညာတက္ကသိုလ်(မကွေး)

Post a Comment

 
Top