Def ဖိုင်သွင်းနည်းများထဲက အလွယ်ဆုံးနည်းကိုပြောပြပါမယ်။
                                      Def ဖိုင်ဆိုတာ Cydia Source တွေထဲက tweak တွေကို
                                                အပြင်ထုတ်ထားတဲ့ဖိုင်ကိုပြောတာပါ။


1-deb file သွင်းဖို့ ဆိုရင် ပထမဦးဆုံး  iTools သို့  iFanBox ရှိရပါမယ်။

2-အခု iTools နဲ့ ရှင်းပြမှာပါ။iFanBox လည်းထိုနည်း၎င်းပါပဲ။
    iTools လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

3-iTools ကို run လိုက်ပါ။(ဖုန်းကိုကွန်ပြူတာနဲ့ ချိတ်ထားရပါမယ်)

4-iTools ဖွင့်ပီးရင် ဘယ်ဘက်အကွက်ထဲက File System ကိုဝင်လိုက်ပါ။


5-ပြီးရင် အပေါ်နားက File System(Jailbreaked) ကို click ပါ။



6-var ဆိုတဲ့ folder ထဲကိုသွားပါ။


7-ပြီးရင် root ဆိုတဲ့ ထဲကိုထပ်ဝင်လိုက်ပါ။


8-Media ဆိုတဲ့ folder ကို ထပ် click လိုက်ပါ။


9-Media ဆိုတဲ့ folder ထဲကိုရောက်ရင် folder အသစ်တစ်ခုဆောက်ပါ။နာမည်ကို Cydia လို့ ပေးပါ။
  (Media ဆိုတဲ့ folder ထဲမှာ Cydia ဆိုတဲ့ဖိုဒါ ရှိပီးသားဆိုရင်ထပ်ပြီးအသစ်မဆောက်ပါနဲ့ )


10-Cydia ဆိုတဲ့ folder ထဲကိုဝင်ပါ။Cydia folder ထဲရောက်ရင် AutoInstall ဆိုတဲ့ folder တစ်ခုထပ်ဆောက်ပါ။
   (AutoInstall ဆိုတဲ့ folder ရှိပြီးသားဆိုထပ်ပြီးအသစ်မဆောက်ပါနဲ့ )


11-AutoInstall ဆိုတဲ့ဖိုဒါထဲကိုရောက်ရင် ကိုယ်သွင်းချင်တဲ့ deb ဖိုင်(ကိုယ် install လုပ်ချင်တဲ့ဖိုင်) တွေကို  copy/paste (သို့ ) drag ဆွဲထည့်လိုက်ပါ။

12-ပြီးရင် iTools ကိုပိတ်လို့ ရပါပီ။ပြီးရင် ကိုယ့် idevice ကို power ပိတ်ပြီး ပြန်ဖွင့်ပါ။

13-ပါဝါပြန်တက်လာရင် ကိုယ့် idevice ထဲမှာ deb ဖိုင်တွေသွင်းပြီးဖြစ်နေတာကိုတွေ့ ရပါလိမ့်မယ်။အဲ့ဒီအဆင့်တွေပီးသွားပီဆိုရင်တော့ mission ပြီးဆုံးသွားပီ :-P ။အဆင်ပြေပါစေ။

Credit=http://www.amyokaungtarr.com

Post a Comment

 
Top