ကျွန်တော် iPhone 4s ပါ. သိပ်နားမလည်ဘူးခင်ဗျ. ကျွန်တော် Cydia ဖွင့်လိုမရဘူး.. ဖွင့်တာနဲ့ ပြန်ပျောက်သွာတယ်. safari လဲအတိုင်းပါပဲ ဘယ်လိုလုပ်မှာလဲ ခင်ဗျ..

အခုလို Cbox ကနေမေးလာတဲ့ ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးပါပဲ ဒါပေမယ့်အောက်ကနည်းလမ်းလေးအတိုင်း ပိုပြီးထိရောက်လိမ့်မယ်ထင်ပါတယ်။ ကျနော်လဲအချိန်မရတာနဲ့   အစ်ကိုမိုးသိကြားဆိုက်ထဲကနေပဲ ကူးယူပြီး ပြန်လည်တင်ပြပေးလိုက်ပါတယ်...

Download Software

>> Download iExplorer 3.2.3.3
>> Download iFunBox 2.6

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)



အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။


 Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း

iOS 7 နှင့် အထက် Jailbreak လုပ်ထားသော iDevices များတွင် Tweaks များကို မှားယွင်းသွင်းယူမိခြင်း၊ စမ်းသပ်ခြင်းတို့ကြောင့် iOS 7 နှင့် အဆင်မပြေသည့် အခါများတွင်၊ Stock / Native Apps များဖြစ်သော Safari, Email, iMessage အစရှိသော App များကို ဖွင့်လိုက်သောအခါ မပွင့်ပဲ crash ဖြစ်ပြီး ပြန်ပြန်ထွက်သွားတတ်တာကို တွေ့ကြုံနေသူများအတွက် အလွယ်ဆုံး Fix လုပ်နိုင်မည့် နည်းလမ်းများကို တင်ပြပေးလိုက်ပါတယ်...

ပုံမှန်အားဖြင့် Tweak များကြောင့် Stock App များ Crash ဖြစ်သည့် အခါမျိုးမှာ iTunes နှင့် Restore ပြန်လုပ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ဒီအခါမှာ Jailbreak လည်းပြုတ်သွားပြီး အချိန်ပေးကာ မိမိသွင်းယူထားသော App များ Tweaks များကိုလည်း အစမှ ပြန်လည် သွင်းယူရတတ်ပါတယ်...

ယခုဖော်ပြမည့် နည်းလမ်းများသည် Restore, ReJailbreak လုပ်ရန်မလိုပဲ လွယ်ကူစွာ ပြဿနာကို ရှင်းလင်းနိုင်မည့် နည်းလမ်းများ ဖြစ်ပါသည်။ မိမိနှင့် သင့်လျှော်မည့် နည်းလမ်းကို သုံးနိုင်ပါတယ်။

နည်းလမ်း ၁)

  • Cydia ထဲမှ Search တွင် "Appsync for iOS 7+" နှင့် "afc2Add" နှစ်ခုလုံးကို ရှာ၍ REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၂)

  • Apps များ Crash မဖြစ်မီ မိမိနောက်ဆုံး သွင်းယူခဲ့သော Tweaks များကို Cydia -> Installed ထဲမှ ရှာဖွေ၍ UNINSTALL / REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၃)

  • Home screen ရှိ Settings -> General -> Reset -> Reset All Settings ကို သုံးပြီး Reset ချပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၄)

ယခုနည်းလမ်းသည် ၁၀၀% အလုပ်နိုင်သော နည်းလမ်း ဖြစ်ပါသည်။ ယခုနည်းလမ်းကို အသုံးပြုနိုင်ရန် အတွက် "iFile" ရှိထားရန် လိုအပ်ပါသည်။
မရှိသေးပါက "http://sinfuliphonerepo.com/" ကို Cydia ၏ Sources တွင် ထည့်သွင်းပြီး "iFile Crecked" ကို ရှာ၍ သွင်းယူပါ။

  • iFile ကို ဖွင့်ပါ။
  • ver/mobile/Library/Caches လမ်းကြောင်းအတိုင်း သွားပြီး အောက်ပါ File နှစ်ခုကို Delete လုပ်ပါ။
  • "com.apple.mobile.installation.plist" နှင့် "com.apple.LaunchServices-054.csstore" တို့ကို Delete လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


အခုဆိုရင် Crash ဖြစ်ထားတဲ့ App များ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်... 
 
မူရင်းဆိုက်သို့ >>>
<<<မိုးသိကြား>>>

Post a Comment

 
Top