- အခုလို ငွေရှာနည်းတွေအကြောင်း အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရေးသားရတဲ့ရည်ရွယ်ချက်ကတော့ သည်လို ဆိုဒ်တွေဟာ တစ်ကယ့်ကို ရတဲ့အကြောင်း ၊ အသုံးဝင်တဲ့အကြောင်း ၊ အပိုအလုပ်မဟုတ်ဘဲ တစ်ကယ်စစ်မှန်တယ်ဆိုတာသက်သေပြလိုတဲ့အတွက်ရေးသားရခြင်းဖြစ်ပါတယ်။  အင်တာနက်ပေါ်ကနေ ငွေရှာတယ်ဆိုတာ အချိန်နည်းနည်းပေးပြီး မူးစု မတ်စုအလုပ်ကနေ ရှယ်ယာတွေဝယ်ပြီး တစ်ဆင့်ပီးတစ်ဆင့် တက်သွားရတဲ့အလုပ်ဖြစ်ပါတယ်။ ပျင်းနေမယ်..ရှယ်ယာဝယ်နည်း ထိန်းနည်းလမ်းညွှန်
တွေကိုမလိုက်နာဘူးဆိုရင်တော့ တ၀ဲလည်လည်ဖြစ်နေမှာသေချာပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားတဲ့သူ
တွေအချိန်တိုအတွင်းအောင်မြင်စေဖို့..လက်တွေ့ ငွေသားထုတ်နိုင်စေဖို့ သေချာစွာညွှန်ပြပေးထားပါတယ်။

- ပထမဆုံးအနေနဲ့ ဒီ Ojooo ဆိုတဲ့ ၀င်ငွေရှာဆိုဒ်ဟာ မှန်ကန်တဲ့ဆိုဒ်တစ်ခုဆိုတာပါဘဲ။( ငွေထုတ်ရက်ကတော့ တစ်ပတ်ကျော်လောက် ကြာပါတယ် ) မိမိရဲ့ ထိန်းသိမ်းနိုင်မှုအပေါ် မူတည်ပြီး အရှုံးအမြတ်ကွဲပြားပါလိမ့်မယ်... အမြတ်ရအောင် လုပ်ပုံလုပ်နည်း စဉ်းစားပုံစဉ်းစားနည်းတွေပါထည့်သွင်းတင်ပြပေးထားပါတယ်။ သည် Ojooo ဆိုဒ်မှာ ငွေရှာမယ်ဆိုရင်
နာရီဝက်မျှဘဲကြာပါလိမ့်မယ်။

- ငွေရှာသည့်ဆိုဒ်ပေါင်းများစွာကို တင်ပေးခဲ့ပြီးပေမယ့် ဒီဆိုဒ်ကို မတင်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုရင် မာန်ဘာဝင်ရအဆင်မပြေတာရယ် ၊ ဘယ်အင်တာနက်လိုင်းတွေ ဘယ်နေနေရာတွေမှာ သုံးဖို့အဆင်ပြေမလဲဆိုတာ ရှာဖွေနေတာရယ်အတွက်ကြောင့်ပါ။

- အခုတော့ အားလုံးအတွက် အဆင်ပြေမယ့်နည်းလမ်းကို PTC လုပ်ငန်းမှာ အတွေ့အကြုံရင်တဲ့ ဆရာနှစ်ဦးအကူအညီနဲ့ရှာတွေ့ခဲ့ပါပြီ။

- ယခု Ojooo သည် အကောင့်ဖွင့်ပြီးတာနဲ့ ADSL , SKYNET , Redlink Internet လိုင်း အသုံးပြုသူများအား အဆင်ပြေ ချောမွေ့လွယ်ကူစေပါတယ်။ ပြည်ပရောက်မြန်မာများ အတွက်ဆိုရင် ပြောစရာမလိုလောက်အောင်အဆင်ပြေပြေ လုပ်နိုင်တဲ့ ဆိုဒ်တစ်ခုလဲဖြစ်ပါတယ်။

- ယခု Ojooo သည် မြန်မာနိုင်ငံအတွင်းအသုံးပြုသူများအဖို့ကတော့ အကောင့်ဖွင့်လျှင် ကျော်ဖွင့်ချင်ဖွင့်ရပါလိမ့်မည်။ ပြည်ပရောက်မြန်မာများကတော့ ကျော်ခွစရာမလိုတိုက်ရိုက်
 ဖွင့်နိုင်ပါသည်။ ကျော်ခွနည်းမသိပါက ဒီမှာ အသေးစိတ်ကြည့်နိုင်ပါသည်။ ( ရုရှား နှင့် ထိုင်း နိုင်ငံ ) IP Address များကိုအသုံးပြုပြီးကျော်ဖွင့်နိုင်ပါတယ်။ ကျော်ဖွင့်လို့ပြီးရင်တော့ မူလ ပုံမှန် အင်တာနက်ကိုပြန်ပြောင်းပြီး အဆင်ပြေပြေဖြင့်အသုံးပြုနိုင်ပါသည်။

- Ojooo သည် အခြားငွေရှာဆိုဒ်များကဲ့သို့ အချိန်မကုန် ၊ ငွေမကုန်စေပါ။ ယခုလက်ရှိအောင်မြင်မှုရရှိနေသော ရှယ်ယာဝယ်ယူခြင်းဆိုင်ရာ ၊ ထိန်းညှိခြင်းဆိုင်ရာများကို....အတွေ့အကြုံများအတိုင်း သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။

- ဖုန်းအင်တာနက်လိုင်းများဖြင့် လုံးဝ ( လုံးဝ ) ပြုလုပ်လို့မရပါ။

ကဲ ဟုတ်ပြီ လုပ်ပုံလုပ်နည်းတွေ ရှယ်ယာ ထိန်းနည်းတွေ သေချာပြောပြသွားမယ်နော်.. PTC အကြောင်းသိပြီးသားသူတွေအတွက်ကတော့ ပြသနာမရှိပေမယ့်..မသိသူတွေကတော့
သေချာသာဖတ်သွားပါ ပြုလုပ်ရတာ အရမ်းကိုလွယ်ကူပါတယ်။ အိုကေ စလိုက်ရအောင်.......

- အရင်ဆုံး Member ၀င်ဖို့အတွက် ဒီိကို နှိပ်လိုက်ပါ .....

-နှိပ်ပြီးတာနဲ့ ညာဘက်အပေါ်ဆုံးက Register ကိုနှိပ်ပါ.. အောက်က ပုံကိုကြည့်ပါ။
- ပုံမှာပြထားတဲ့အတိုင်းဖြည့်ပါ.. Passwords ဖြည့်တဲ့အခါမှာ အစစလုံးအကြီး နဲ့ဖြည့်ပါ ဥပမာ - Apple1221%^&* အဲလိုပေါ့... အစစာလုံးအကြီးဖြစ်ရမယ် အနည်းငယ် Passwords ရှုပ်ထွေးရမယ်။ နောက်တစ်ခုက Referral ဆိုတဲ့နေရာမယ် KyawKyaw ဆိုတာရှိတယ် အဲဒါကိုပြင်စရာမလိုဘူး ကျော်ခဲ့လိုက်လို့ရတယ်( နောက်ပိုင်းကျရင် KyawKyaw ရဲ့နာမည်အောက်မှာဝင်ထားတဲ့သူတွေကို ပရိုမိုးရှင်းပေးမယ့်အစီအစဉ်စတော့မှာပါ )... Address and Telephone ကတော့ ကိုယ်ကြိုက်တာ ကိုယ်ထည့် .. ထည့်ချင်သလိုထည့်ပြီး ကျန်တာတွေကို ပုံမှန်အတိုင်းဖြည့်ကာ Register လုပ်လိုက်ရုံပါဘဲ... အိုကေ...Register လုပ်လိုက်တာနဲ့ အောက်က ပုံအတိုင်း မိမိရဲ့ Email ထဲကို Activation Code ပို့ပါလိမ့်မယ်။
ပုံမှာဆိုရင် သူပေးထားတဲ့ Activation Link လေးကိုနှိပ်လိုက်..ဒါဆိုရင် Send or Verify ဆိုပီးပေါ်လာမယ်.. Send or Verify ကိုနှိပ်လိုက်.. ပြီးရင် စတင်အသုံးပြုလို့ရပါပြီ။ Login ၀င်လိုက်ပါ။ ( အကောင့် Register လုပ်တုန်းက IP Address ကျော်ခဲ့တယ်ဆိုရင်.. Login ပြန်ဝင်တဲ့အခါ မူလ အင်တာနက်လိုင်း ( NO Proxy ) အတိုင်းပြန်ဝင်လို့ရပါပြီ။ ကျော်စရာမလိုတော့ပါဘူးနော် ) Login ၀င်ပြီးသွားပြီဆိုရင်တော့.. ပုံမယ်ပြထားတဲ့အတိုင်း EARN WASHING ADS >> PAID TO CLICK ADS ဆိုတာကို အဆင့်ဆင့် နှိပ်လိုက်ပါ... ဒါဆိုရင် ကြော်ငြာကြည့်ရမယ့်နေရာကိုရောက်သွားမယ်... ရောက်သွားပြီဆိုရင် ပုံမှာ အစိမ်းရောင် ဘောင်ခတ်ပြထားတာတွေက ကြည့်လို့ရမယ့် ကြော် ငြာတွေပါ.. အနီရောင်ဘောင်ခတ်ပြထားပြီး မှိန်နေတဲ့ ကြော်ငြာတွေက ကြည့်လို့မရမယ့်ကြော်ငြာတွေပါ.... အဲသည် မှိန်နေတဲ့ကြော်ငြာတွေက Account Upgrade လုပ်မှကြည့်လို့ရပါတယ်..လောလောဆယ်တော့ ကြည့်လို့ရတာဘဲ ကြည့်လိုက်ရအောင်...
အိုကေ ကြော်ငြာတစ်ခုကို စတင်နှိပ်လိုက်ပါ.. အ၀ါအလုံးလေး ပေါ်လာပါမယ် အဲဒါကိုနှိပ်ပါ..အောက်မယ် အ၀ါအလုံးလေးပေါ်လာတာကို မြှားအနီနဲ့ပြထားပါတယ်...
အဲသည် အ၀ါအတုံးလေးကိုနှိပ်လိုက်ပါ..ဒါဆိုရင် ကြော်ငြာကြည့်ရမယ့် Page ပေါ်လာပါမယ်... ပန်းရောင်အတန်းလေးပြည့်တဲ့အထိ ထိုင်ကြည့်နေပါ... တက်နေစဉ်အတွင်း ဂျီတော့သုံးခြင်း ၊ သီချင်းဖွင့်လိုက်ခြင်း ၊ ဖေ့ဘုတ်သုံးနေခြင်းများမလုပ်ပါနဲ့ အတန်းလေးက ဆက်မတက်ဘဲ ရပ်နေပါလိမ့်မယ်..ဒါကြောင် ဒီ လုပ်ငန်းအတွက် နာရီဝက်မျှတော့ အချိန်ပေးလိုက်ပါ။
အတန်းလေးတက်လို့ပြီးပြီဆိုရင်တော့ အမှန်ခြစ်ပေါ်လာပါလိမ့်မယ်..ပြီးရင် မူရင်း ကြော်ငြာနှိပ်ခဲ့တဲ့ အ၀ါလုံးလေးရှိတဲ့ စာမျက်နှာဟာ အလိုအလျောက် Loading ပြန်ဆွဲပါတယ်... Loading ပြန်ဆွဲတယ်ဆိုတာက ကြည့်ပီးသားကြော်ငြာကို နောက်တစ်ကြိမ် ထပ်ပြီးမကြည့်မိအောင် Refresh ချလိုက်တဲ့သဘောပါ...ဒါဆိုရင် ကြည့်ပီးသားကြော်ငြာက မှိန်သွားပါ
လိမ့်မယ်...တစ်ကယ်လို့ အမှန်ခြစ်ပေါ်တယ် Loading လဲမပြဘူးဆိုရင် ကိုယ့်ဘာသာ အဲသည် Page ကို Loading ပြန်လုပ်ပေးလိုက်ပါ.. :)
အိုကေ... အမှန်ခြစ်လဲ ပေါ်ပြီ.. Loading လဲဆွဲပြီးပြီဆိုရင် ကျန်တဲ့ Click လုပ်လို့ရတဲ့ကြော်ငြာတွေကို အခုပြောခဲ့တဲ့နည်းတွေအတိုင်း တစ်ခုခြင်းကုန်အောင်သာ ကလစ်သွားလိုက်ပါ... မများပါဘူး ဆယ်ခုလောက်ပဲ ရှိပါတယ်.. အိုကေ.. အကုန် ကလစ်ပြီးသွားရင် ရတဲ့ငွေကိုကြည့်ဖို့ အတွက် ထိပ်ဆုံးက Your Account ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင်အောက်က ပုံအတိုင်းပေါ်လာပါမယ်။
အနီကွင်း ၀ိုင်းပြထားတာကတော့ ကြော်ငြာတွေကို ကလစ်လို့ရလာတဲ့ ငွေပေါ့။ Membership ကတော့ Standard ဖြစ်ပါတယ်။ ( Upgrade ) မလုပ်ရသေးပါ။ Upgrade တင်ရင် ပိုရပါတယ်.. နိုင်ငံကတော့ Myanmar ပါဘဲ တစ်ကယ်တော့ Russia IP နဲ့ကျော်ဖွင့်ပီး ပုံမှန်အတိုင်း Login ၀င်သုံးလို့ မြန်မာလို့ပြပါတယ်။ Age ကတော့ ကျွန်မရဲ့အသက်ပါ.. Total Clicks ကတော့ ကြော်ငြာတွေကို ကလစ်ထားတာ အကြိမ် 180 ရှိပါပြီလို့ပြောတာပါ။ Direct Referral ကတော့ တစ်ယောက်ပါ ( Direct Referral အကြောင်းကို နောက်ဆုံးအခန်းမှာပြောပါ့မယ် ) Rented Referrals ကတော့ 10 ယောက်ပါ.. ရှယ်ယာ ငှားထားတာကိုပြောတာပါ.. လာမယ့်အခန်းမှာသင်ပေးပါ့မယ်။ DR + RR ပေါင်းရင် 11 ယောက်ပါ။ DR + RR ကလစ်အရေအတွက်ကိုပေါင်းရင်တော့ 90 ရှိပါပြီ။ ဒါကတော့ ရှင်းပြပေးလိုက်တာပါ... ဟုတ်ပီ... အနီကွင်းဝိုင်းပြထားတဲ့အထဲမှာ 2$ ရှိလာပြီဆိုပါစို့ .. Rented Referral ငှားပါ့မယ်... ရှယ်ယာငှားတာပေါ့နော်... အမြဲတမ်း မှတ်ထားစရာ တစ်ခုပြောပါမယ်.. ဘယ်ငွေရှာဆိုဒ်မှာဘဲဖြစ်ဖြစ် ရှယ်ယာဝယ်တော့မယ်ဆို ရင် Main Balance ထဲက ငွေကို Purchase or Rental Balance ကိုရွေ့ပြီးမှ ရှယ်ယာဝယ် ငှား လုပ်လို့ရပါတယ်။ အခု အနီကွင်းဝိုင်းပြထားတာက Main Balance ပေါ့ အဲသည်ထဲမှာ 2$ လောက်ရပြီဆိုရင် ရှယ်ယာ စတင်ငှားဖို့အတွက် Purchase Balance ထဲကိုအရင်ရွှေ့ရအောင်..ဘယ်လိုရွှေ့မလဲ အောက်က ပုံကိုကြည့်ပါ။
မြှားပြထားတဲ့ Fund rental balance ကိုနှိပ်လိုက်ပါ.. ပြီးတာနဲ့ via Balance Transfer ကိုရွေးလိုက်ပါ ပြီးတာနဲ့ Next ပေါ့။
Main Balance ထဲကငွေ 2$ ကို Upgrade and rental balance ထဲကိုရွှေ့မှာဆိုတော့ 2 လို့ရိုက်ထည့်ပြီး Next နှိပ်လိုက်.. ဒါဆိုရင်အောက်က ပုံအတိုင်းပေါ်လာမယ်။
ကဲ ဒီလိုပုံပေါ်လာရင်တော့ ရှယ်ယာဝယ်ဖို့ Rental Balance ထဲကိုငွေရွှေ့ခြင်းအောင်မြင်ပါပြီ အောက်က ပုံကိုဆက်ကြည့်ပါ။
ကဲ ငွေတော့ရောက်ပြီ ရှယ်ယာလေး စငှားလိုက်ရအောင်.. အောက်ပုံကိုကြည့်ပါ။
မြှားအနီပြထားတဲ့ စာကိုနှိပ်ပါ.. ကျွန်မတို့က 2$ ဖိုးရှယ်ယာ ငှားမှာဆိုတော့ 2 ဒေါ်လာကို ရှယ်ယာဆယ်ခု ရပါမယ်.. ဒီတော့ မြှားအပြာ ပြထားတဲ့ လက်တွန်းလှဲလေးကိုနှိပ်လိုက်ပါ.. ပြီးရင် ပြထားတဲ့အတိုင်းဝယ်လိုက်ပါ... အောက်က ပုံအတိုင်းပေါ်လာရင်တော့ ရှယ်ယာ ငှားခြင်းပြီးဆုံးပါပြီ
အိုကေ.. ပြီးပြီ Your Account ကိုပြန်သွားလိုက်မယ်ဆိုရင် Rented Referrals မှာ 10 ယောက်တွေ့ပါလိမ့်မယ်.. အဲသည် ကနေ ငွေတွေရနေပါလိမ့်မယ်.. ဒါတွေဟာ ငှားတာဖြစ်တဲ့အတွက် တစ်လပြည့်ခါနီးတိုင်း Recycle 30 Days တော့လုပ်ပေးရပါ့မယ်.. ဒီတော့... မိမိ ကိုယ်တိုင်လဲ ကြော်ငြာတွေကို ကလစ်မယ်.. ဒီ Rented Referral ငှားထားတာတွေကလဲ ပိုက်ဆံရနေမယ် ဆိုရင် တစ်လကို 3 ဒေါ်လာနီးပါးကတော့ သေချာနေပါတယ်... ကဲ... Rented Referral ငှားထားတာတွေ သက်တမ်းကုန်တော့မယ်ဆိုပါ စို့ ဘယ်လို တိုးမလဲ ??
မြှားပြထားတာကိုနှိပ်လိုက်ရင် ၀ယ်ထားတဲ့ Rented Referral ( RR ) တွေ ပေါ်လာပါမယ်..အဲသည်မယ် ကျနော် အနီဝိုင်းပြထားတာတွေ့လား 21 ရက်ဘဲကျန်တော့တယ်.. သူတို့က သက်တမ်းကုန်လို့ မတိုးရင်ပျောက်ကုန်မှာ ဒီတော့ သက်တမ်း ရက်သုံးဆယ်ပြန်တိုးပါ့မယ်... ရှယ်ယာ ဆယ်ခု 2 ဒေါ်လာဖိုးဝယ်ထားတယ်ဆိုတော့ သက်တမ်းပြန်တိုးရင် 2 ဒေါ်လာ နီးပါးကတော့ ပြန်သုံးရပါတယ်.. ဒီတော့ ထုံးစံအတိုင်း Main Balance ထဲက ငွေကို Rental Balance ထဲသို့ရွေ့လိုက်ပါဦး 2 ဒေါ်လာလောက်ပေါ့... ပြီးတာနဲ့ Action မှာပြထားတဲ့အတိုင်းရွေးချယ်လိုက်ပါ.. Referral color ဆိုတာကတော့ မိမိဘယ်ကောင်ကို သက်တမ်းတိုးထားတယ်ဆိုတာ အရောင်လေးတွေနဲ့ သတ်မှတ်ပေးလို့ရတဲ့ဟာလေးပါ.. ထည့်ချင်ထည့်မထည့်ချင်ရင် Unset color ဘဲလုပ်လိုက်ပေါ့.. ပြီးတာနဲ့  Next ကိုနှိပ်လိုက်ပါ...  ပြီးတာနဲ့ သက်တမ်းတိုးဖို့ ညွှန်ကြားချက်တွေအတိုင်းလုပ်သွားလိုက်ရုံပါဘဲ.. အခု 21 ရက်ကိုသက်တမ်း ရက်သုံးဆယ်တိုးတာဆိုတော့ 51  ရက်ရသွားတာပေါ့.... အိုကေ...  ကြော်ငြာလဲ ကလစ်တတ်ပြီ.. RR လဲဝယ်တတ်သွားပြီ .. သက်တမ်းလဲတိုးတတ်သွားပြီ... ဒီနေရာမယ် တစ်ခုသတိထားမိလား... RR ငှားတုန်းကလဲ 2 ဒေါ်လာ သုံးရတယ်...သက်တမ်းပြန်တိုးတော့လဲ 2 ဒေါ်လာသုံး၇တယ်... ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်ခံနေရတယ်
နော် ;)  PTC ငွေရှာဆိုဒ်တွေကတော့ ငါကြင်းဆီနဲ့ ငါးကြာင်းပြန်ကြော်ကြတာပါဘဲ... ဒီတော့ ဒီလိုအလုပ်ခံနေရသော်လည်း အမြတ်ထွက်အောင် ဘယ်လိုလုပ်မလဲ ???????

စီမံခန့်ခွဲရပါတယ်.. ကိုယ်ဝယ်ထားတဲ့ RR တွေကို စနစ်တစ်ကျ စီမံခန့်ခွဲရပါတယ်။ ကျနော်ရဲ့ RR တွေအပေါ် စီမံခန့်ခွဲပုံ ခန့်ခွဲနည်းတွေကို သင်ပြပေးသွားပါ့မယ်။ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းနဲ့ ရှယ်ယာတွေကို ထိန်းရပါတယ်။ ကဲ .. မိမိ မှာ PayPal Account ရှိတယ်ဆိုပါစို့ အဲသည်အကောင့်ကနေ Ojooo ကိုငွေထည့်လိုက်မယ်.. ဒေါ်လာ 10 ထည့်လိုက်မယ်. ထည့်ပြီးတော့ RR အခု 50 ၀ယ်လိုက်မယ်ဆိုပါစို့... တစ်လအတွင်းမှာ အဲသည် ၀ယ်ထားတဲ့ RR 50 ခုကပြန်ရတဲ့ငွေအရေအတွက်က 10$ မရှိဘူးဆိုရင် ရှုံးပါပြီ။ ရှုံးတဲ့အပြင် သည် RR 50 ခုကို သက်တမ်းအကုန်မတိုးနိုင်တဲ့အတွက် သက်တမ်းတိုးခြင်းမခံရတဲ့ RR တွေဟာ လုံးဝ ပျောက်သွားပါလိမ့်မယ်။ ကျနော်ပြောပြတာ သဘောပေါက်လားမသိဘူးနော်.. ဒါကြောင့် ငွေရှိတိုင်းထည့်ထည့်မရင်းပါနဲ့...ထည့်ရင်းရင် ကွဲတတ်ပါတယ်.... ကဲ မိမိမှာ Direct Referral တွေလဲရှိမယ် ( Direct Referral ရှာနည်းကို နောက်အခန်းမှာသင်ပြပေးပါ့မယ် ) Rented Referral တွေလဲ အခု 20 လောက်ရှိမယ်... မိမိကိုယ်တိုင်ကလဲ ကြော်ငြာတွေကို နေ့တိုင်း Click ပေးနေတယ်ဆိုပါစို့.. ဒီလိုဆိုရင် မိမိမှာ DR + RR + Click ဒီ သုံးခုကနေ ငွေတွေရနေပါလိမ့်မယ်... ဟုတ်ပီ မိမိရဲ့ Main Balance ထဲမှာ 5 ဒေါ်လာလောက်ရှိတယ်ဆိုပါစို့ .. RR အခု 20 ကလည်း သက်တမ်းကုန်ဖို့ 5 ရက်လောက်ပဲလိုတော့တယ်ဆိုရင်.. အဲဒီ 20 ထဲက 10 ခုလောက်ကိုဘဲ ရွေးပီးအရင်သက်တမ်းတိုးလိုက်ပါ... ဒါဆိုရင် 3 ဒေါ်လာလောက်ကျန်ပါလိမ့်မယ်...
ဟုတ်ပီ.. နောက်ထပ် 10 ခုကိုတော့ ကုန်ခါနီး တစ်ရက်လိုမှသက်တမ်းတိုးလိုက်ပါ ဒါဆိုရင် 1 ဒေါ်လာလောက်ကျန်ပါလိမ့်မယ်... အကုန်လုံးကို တစ်ပြိုင်တည်းသက်တမ်းတိုးတာနဲ့ ဒီလို အစု အစုလေးတွေခွဲပြီး ငါးရက် ခြောက်ရက်လောက်ခြားကာ သက်တမ်းတိုးခြင်းက မိမိအတွက် ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခံနေရတဲ့အဖြစ်ကနေ အမြတ်ထွက်အောင် လုပ်တဲ့နည်းလမ်းပါဘဲ... ဒီလို ရက်ခြား သက်တမ်းတိုးစဉ်အတွင်း DR + RR + Click ကနေ ပိုက်ဆံတွေဟာလည်း ၀င်နေပါလိမ့်မယ်... ကျွန်မပြောတာ ရှုပ်ကုန်လားမသိဘူး.. ရှုပ်လဲ သေချာဖတ်..သေချာကလိ သွားပါ နားလည်သွားပါလိမ့်မယ်..ဒါကတော့ မရှုံးအောင်လုပ်တဲ့ ကျွန်မရဲ့နည်းပါဘဲ။


ကဲ.. ဟုတ်ပြီ RR ဘယ်လိုဝယ်မယ်.. ဘယ်လိုထိန်းမယ် ဆိုတာ သိသွားတော့ Direct Referral (DR) ရှာနည်းသင်ပေးပါ့မယ်။ DR ဆိုတာက မိမိ ဆီမယ် မာန်ဘာဝင်လာတဲ့ လူအစစ် တွေပါဘဲ..သူတို့ click လို့ရလာတဲ့ ကော်မရှင်တွေကို ကိုယ်ကပြန်ရတယ်လေ..ဒီလိုပြန်ရတော့ DR များများရှာနိုင်လေ မိမိအတွက် ပိုက်ဆံများများရဖို့အခွင့် အလမ်း တက်လေပေါ့.... DR တွေလဲ ကောင်းမယ်.. RR တွေကိုလဲ စနစ်တစ်ကျ ထိန်းတတ်မယ် ၀ယ်သွားတတ်မယ် .. ပုံမှန်လေးလဲ ကလစ်လုပ်ပေးနေမယ်ဆိုရင် ရှုံးစရာအကြောင်း ၊ ငွေမရစရာအကြောင်း လုံးဝ ( လုံးဝ ) မရှိပါဘူး ၊ ဟုတ်ပီ အခု DR ရှာနည်းအကြောင်းပြောတာပါဘဲ.... ကဲ ... မိမိရဲ့ အကောင့်ထဲကိုမာန်ဘာ ၀င်လာစေဖို့ DR Link ဘယ်လိုထုတ်မလဲ ? လွယ်ပါတယ်.. အောက်က ပုံကိုကြည့်ပါ။
မြှားပြထားတာကိုနှိပ်လိုက်.. ဒါဆိုရင် Your Reflink is : ဆိုတဲ့အော်က မိမိရဲ့ Direct Referral Link ပါဘဲ.. အဲဒါလေးကူးပြီးတော့ မိမိရဲ့ သူငယ်ချင်းတွေကိုပေးခါ မာန်ဘာ ၀င်ခိုင်းလိုက်ပါ... မိမိရဲ့ Link မှာ Member ၀င်ပြီဆိုတာနဲ့ သူက မိမိရဲ့ DR ဖြစ်သွားပါပြီ။ သဘောပေါက်မယ်ထင်ပါတယ်။ ကဲ နောက်ဆုံး အဆင့် ငွေထုတ်နည်းပြောတော့ပါ့မယ်။

မိမိမှာ  2$ ရှိလာပြီဆိုပါစို့ .. စတင်ငွေထုတ်လို့ရပြီဖြစ်ပါတယ်... ငွေထုတ်ဖို့အတွက်ကတော့ ... အောက်ကပုံကိုကြည့်ပါ။
2 ဒေါ်လာပြည့်တာနဲ့ မြှားအနီပြထားတဲ့နေရာကိုနှိပ်ပြီး ငွေထုတ်နိုင်ပါတယ်.. ခြောက်ရက်လောက်တော့ကြာပါ့မယ်.. ဒီလိုငွေထုတ်ဖို့အတွက် မိမိမှာ PayPal Account ကတော့ ရှိနေရပါ့မယ်... ငွေမထုတ်ခင် အရင်ဆုံး Settings ချရပါ့မယ်..အောက်က Personal Settings ကိုနှိပ်ပါ.. PayPal Email နေရာမှာ မူလအစက မိမိရဲ့လိပ်စာဘဲ ပြန်ထည့်ခဲ့တယ်မလား .Register လုပ်တုန်းကလေ..  အခု ငွေထုတ်တော့မှာဆိုတော့ တစ်ကယ့် PayPal Email အစစ်ကိုထည့်ရပါတော့မယ်။ ထည့်ပြီးတာနဲ့ နဲ့
Current Passwords နေရာမှာ မိမိ သုံးနေတဲ့ Passwords ကိုထည့်ပြီး Save Changes ကိုနှိပ်ပေးလိုက်ပါ။ ပြီးတာနဲ့ မိမိရဲ့ Account Email ထဲက Email ထဲကို Ojooo ကနေ Message ပို့ပါတယ်.. ကျွန်မကတော့ iloveyou.npt@gmail.com ဆိုပီးသုံးထားတဲ့အတွက် အဲသည်အထဲကိုဘဲ Message ပို့ပါတယ်.. ပြီးတာနဲ့အောက်က ပုံကိုကြည့်ပါ။
Verify Account ကိုနှိပ်ပါ။
စာလုံးဖျက်ကိုမှန်အောင်ထည့်ပြီး Verify နှိပ်လိုက်ပါ.. ဒါဆိုရင် Personal Settings ထဲက PayPal မှာ မိမိရဲ့ PayPal Email လိပ်စာထည့်သွင်းခြင်းပြီးပါပြီ။ Ojooo မယ်ငွေရှာနည်း ကတော့ ဒီလောက်ပါဘဲရှင့်။ Ojooo ကို ညီမတို့ဘက်က ပရိုမိုးရှင်းပေးထားပါတယ်  အခက်အခဲတစ်စုံတစ်ရာ ရှိလာပါက Adflycreator@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ငွေထုတ်ယူဖို့တစ်ခုတည်းအတွက် သီးသန့်အသုံးပြုနိုင်မည့် PayPal Account များရောင်းချပေးခြင်း ( 25.1.2014 )

-- အင်တာနက်မှာ ၀င်ငွေရှာလုပ်ငန်းအပျင်းပြေဘဲဖြစ်ဖြစ် ၊ ၀ါသနာပါလို့ဘဲဖြစ်ဖြစ် လုပ်ကိုင်နေသူများ ၊ အင်တာနက်မှ ရရှိလာသည့်ငွေများကို ပြန်လည်ထုတ်ယူလိုသူများ  အနေဖြင့်PayPal Account တစ်ခုဆိုတာ အဓိက အလိုအပ်ဆုံးအရာပါ သည်လို PayPal Account ရှိနေမှလဲ ရလာတဲ့ငွေတွေကိုထုတ်ယူနိုင်ပါတယ်။ မြန်မာပြည်မှာ PayPal Account ရောင်းတဲ့ နေရာအချို့ရှိပါတယ်..ဒါပေမယ့် Account Limit ဖြစ်မဖြစ် အာမခံမပေးနိုင်ပါ။ Account ၀ယ်ပြီးမှ Limit ထိသွားရင် မိမိရဲ့ အကောင့်ထဲမှာရှိတဲ့ငွေတွေကို သည်အတိုင်းထိုင်ကြည့်နေရတော့တာပါဘဲ ။ အဲသည် အကောင့်တွေကလဲ အနည်းဆုံး 22000 ကျပ်ကနေ ၊ အများဆုံး သုံးသောင်းကျပ်လောက်အထိ ဈေးရှိပါတယ်။ သက်တမ်းအားဖြင့် 2 နှစ်ခန့်မျှသာရှိပါတယ်။

- ယခု ရောင်းချပေးမည့် PayPal Account များသည် ဈေးနှုန်းအားဖြင့် 18000 ကျပ်တိတိ ရှိပါ့မယ်။ သက်တမ်းအားဖြင့်လည်း Long Life ဖြစ်ပါတယ်။ Account များအား ဗဟိုမှကိုင်တွယ်ထား သည့်အတွက် Limit ဖြစ်ခြင်း ပြသနာလည်းလုံးဝမရှိတော့ပါ။

- ရောင်းချမည့်အကောင့်သည် PayPal Activate လုပ်ထားသော Email လိပ်စာ တစ်ခုတည်းသာဖြစ်ပါမယ်။ Passwords လုံးဝမပါရှိပါ။ ၄င်း Email လိပ်စာအား မိမိငွေထုတ်ယူလိုသည့် ငွေရှာဆိုဒ် (သို့) ငွေထုတ်ယူလိုသည့် ဆိုဒ်ရဲ့ PayPal Email နေရာတွင် ထည့်သွင်းကာ ငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။

- ငွေထုတ်ယူမည်ဆိုလျှင် မိမိ PayPal Account ၀ယ်ယူထားသော ဗဟိုဌာနသို့ဖုန်းအရင်ဆက်ပြီး အကြောင်းကြားရပါမည်။

- ထို့နောက် ငွေထုတ်ယူနိုင်ပြီး မိမိထုတ်ယူလိုက်သည့်ငွေသည် ဗဟိုဌာနသို့ရောက်ရှိသွားပါမည်။ ထိုမှတစ်ဆင့် မိမိလွှဲစေချင်သည့် ဘဏ် သို့မဟုတ် MyanPay Account ထဲသို့မြန်မာငွေအဖြစ် Exchange ပြုလုပ်ပေးခါ လွှဲပေးမည်ဖြစ်ပါသည်။

- ထို့ကြောင့် Limit ဖြစ်မှာစိုးရိမ်ဖို့မလို ၊ ရလာသည့် $ ( ဒေါ်လာ ) များကို မြန်မာငွေအဖြစ် အဆင်ပြေပြေချောမွေ့စွာဖြင့်လျှင်လျှင်မြန်မြန် လဲလှယ်နိုင်ကြမှာဖြစ်ပါတယ်။

- ငွေရှာဆိုဒ်များအတွင်း ၀င်ငွေရှာရင်း ငွေထုတ်ချင်သူများအဖို့ 4$ ပြည့်တာနဲ့ မြန်မာငွေသားအဖြစ်ပြောင်းလဲ ထုတ်ယူနိုင်ပါတယ်။

- အဆင်ပြေပြေနဲ ငွေထုတ်ယူနိုင်ဖို့တစ်ခုတည်းအတွက်သာ ဦးတည်ပြုလုပ်ထားသောကြောင့် PayPal Activate လုပ်ထားသော Email လိပ်စာတစ်ခုတည်း ရရှိမည်ဖြစ်သဖြင့် PayPal အတွင်း ငွေသွင်းခြင်း ၊ ငွေလွှဲခြင်းများ လုံးဝပြုလုပ်လို့မရပါ။

- PayPal Limit ဖြစ်ခြင်းမှကျော်လွှားခြင်း ၊ ငွေများအဆင်ပြေပြေဖြင့် ထုတ်ယူနိုင်ခြင်းတို့အတွက် ရည်ရွယ်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။


ဆက်သွယ်မှာယူလိုပါက click2kyat@gmail.com , ဖုန်းနံပတ် - 09 420 700 582 သို့ဆက်သွယ်စုံစမ်း နိုင်ပါသည်။

Post a Comment

 
Top