မည်သူ မဆို ညအိပ်ရာ ၀င်ချိန်၌ မနက် အိပ်ယာ ထချိန်ထက် နည်းနည်း ဖြစ်စေ အသိဥာဏ် ပညာ ပို ရှိနေ ရမည်။ သို့မဟုတ် ပါက လူသား တစ်ဦး အနေ နှင့် အကြီးမားဆုံး ပြစ်မှု ကို ကျူးလွန် ခဲ့ရာ ရောက်သည် တဲ့ ...။ လီယို ဗတ်စကာ ဂလီယာ က ဆိုသည်။


မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာ ပို ရှိရမည်။ မနေ့က ထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက် ကြီး လာသည် နှင့် အမျှ ဦးနှောက် အလေးချိန် ပိုစီး လာရ မည်။ သည် အတွက် ဘယ်လို လုပ်မည် နည်း။??? တစ်နည်း သာ ရှိသည်။

"စာဖတ်ပါ" ၊ ဒါပဲ။
နေ့စဉ် ဖတ်ပါ။ စာကောင်း ပေကောင်း ကို ရွေးဖတ် ပါ။ ကိုယ့် အလုပ် အတွက် ကိုယ့် ဘ၀ အတွက် အသုံးဝင် မည့် အရာ ကို ဦးစားပေး ရွေးဖတ် ပါ။ ညအိပ်ရာ ၀င်ကာ နီးတိုင်း သည် ကနေ့ ငါ့မှာ ဘာ အသိဥာဏ် ပညာ တိုး သလဲ ကိုယ့် ကို ကိုယ် စစ် ဆေး မေးမြန်း ပါ...။

တစ်ချို့က ပြော သည်။ အလုပ်တွေ များလွန်း လို့ စာအုပ် ဆိုတာ ကောက်တောင် မကိုင် နိုင်ဘူး တဲ့.. ဟုတ်ရဲ့ လား ???? ဘယ် လောက် တောင် အလုပ်များ နေလို့လဲ...၊??? ပါမောက္ခ အော်စလာ ထက် တော့ ပိုမများနိုင်ဘူးထင်သည်။

ပါမောက္ခ အော်စလာ (Sir William Osler) (၁၈၄၉ - ၁၉၁၉) ဟူသည် က ကမ္ဘာ့ ဆေး လောကမှာ ကျော်ကြား သည့် ကနေ ဒါ လူမျိုး သမား တော်ကြီး ဖြစ်သည်။ ဆေးပညာ ပါမောက္ခ တစ်ဦး အဖြစ် ဆေး ပညာရှင် အမြောက် အမြား ကို ကိုယ်တိုင် လေ့ကျင့် ပျိုးထောင် ပေးခဲ့ သည်။သူ ရေးသား ပြုစု သည့် ဆေးကျမ်း များ ကို ဖတ်ရှု ၍ ဆရာဝန် ဖြစ်လာ သူတို့ ကား ရေတွက် ၍ ပင် ရမည် မထင်။

သူ့အကြောင်း ကို အတ္ထုပတ္တိ ဆရာ များစွာတို့ ချီးပ ဂုဏ်တင် ရေးသား ခဲ့ကြ သည်။ သို့သော် ၄င်း ပုဂ္ဂိုလ် တို့သည့် သူ့အား ဆေး ပညာရှင် တစ်ဦး ဖြစ်ရုံမျှ အတွက် ဂုဏ်ပြု မှတ်တမ်း တင်ကြ ခြင်း မဟုတ်။ သူသည် ဆေးပညာ အရာ ၌ ကြီးကျယ်သူ ဖြစ်သည် မှန်၏ ။ သို့သော် ပို၍ ကြီးကျယ် သည်ကား သူ၏ နက်ရှိုင်း ကျယ်ဝန်း လှသော ပညာ ဗဟုသုတ ဖြစ်၏။

အော်စလာ သည် ဆေးပညာ သာ မဟုတ် အသိပညာ ဟုသမျှ ကို နှစ်ခြိုက် ခုံမင်သူ ဖြစ်သည်။ ခေတ် အဆက်ဆက် လူ တို့ တွေးခဲ့ ကြံခဲ့ လုပ်ကိုင် ခဲ့သမျှ ကို သူသိကြား ချင် သည်။ လူသား မျိုးနွယ် တစ်ရပ်လုံး ၏ တန်ဖိုး အရှိဆုံး အတွေ့ အကြုံ များ ကို သူ မှတ်သား နာယူ ချင် သည်။ သည် အတွက် အကောင်းဆုံး နည်း သည် စာဖတ်ခြင်း ပင် ဖြစ်ကြောင်း သူ သိသည်။

သို့သော် သည် ကိစ္စ အတွက် သူ့မှာ အခက်အခဲ ရှိသည်။ အခက် အခဲက သည် ကနေ့ စာဖတ်ချင် လျက် စာမဖတ် နိုင် ဖြစ်နေရ သည် ဆိုသူတွေ ပြောလေ့ ရှိကြ သည့် အလုပ် မအားခြင်း၊ သို့မဟုတ် အချိန် မရှိ ခြင်း။ ဆေး ကုသ ရသည်။ ဆေးပညာ သင်ကြား ပို့ချ ရသည်။ ဆေး သုတေသန လုပ်ငန်း များ ၌လည်း အာရုံ စူးစိုက် ရသေး သည်။ တစ်နေ့ (၂၄) နာရီ သည် သူ့ အတွက် အလွန် နည်းနေ ခဲ့သည်။ စာဖတ်ချိန် ရချင် လျှင် အိပ်ချိန် ထဲက ဖဲ့ယူရန် မှ တစ်ပါး အခြား နည်းလမ်း မရှိ တော့။

သို့နှင့် ည အိမ်ရာ ၀င်တော့ မည် ဆိုသည့် အချိန်တွင် စာ (၁၅) မိနစ် ဖတ်သည့် အလေ့ အကျင့် တစ်ခု သူ အစ ပြု ခဲ့သည်။ ည (၁၁) နာရီ အိပ်တော့ မည် ဆိုလျှင် စာ အတွက် (၁၅) မိနစ် အချိန် ထပ်ယူ။ (၁၁) နာရီ (၁၅) ကျမှ အိပ်။ အလုပ် များ ၍ ည (၁၂)နာရီ ထိုး သွားလျှင် လည်း နောက်ထပ် (၁၅) မိနစ် တိုး၊ သန်းကောင် ကျော်ပြီး (၁၅) မိနစ် မှ အိပ်။ အိပ်ကာ နီး (၁၅) မိနစ် စာဖတ် သည့် အလေ့ အကျင့် ကို လူလတ်ပိုင်း အရွယ် အလုပ်များ သော ဆရာဝန် ကြီိး ဖြစ်စ ကာလ မှာ ပင် သူရရှိ ခဲ့ပြီး ကွန်လွန် ကာ နီး အချိန်ထိ နေ့စဉ် မပျက် ကျင့်သုံး ခဲ့ရာ အနှစ် (၇၀) မျှ ရှည်လျား သော သူ့ သက်တမ်း ကာလ အတွင်း စာအုပ် စာတမ်း ကျမ်းပေါင်း များစွာ ကို ဖတ်ရှု ဖြစ်ခဲ့ သည်။

ပြိးပြီး ရော ဖတ်ရှု ခြင်း မျိုး မဟုတ်။ ကိုယ်တိုင် ဖတ်ရုံ ဖြင့် မတင်း တိမ်၊ နောက်လူ များ အတွက်ပါ ညွှန်း သွားခဲ့ သေး၏။ စာဖတ် ရန် အတွက် နည်းတူု အချိန် ကုတ်ကတ် ရယူကာ သူ ရေးသား ပြုစု ခဲ့သည့် သူ၏ စာအုပ် အညွှန်း ကျမ်းကြီး ၌ စာအုပ် စာ တမ်း ကျမ်းပေါင်း (၇၇၈၇) အုပ် ကို စနစ် တကျ ညွှန်းဆို ဖော်ပြ သွားခဲ့ သည်။

အဲ့ဒါ ပါမောက္ခ အော်စလာ ၏ စာဖတ်နည်း ဖြစ်သည်။

သင်ရော တစ်နေ့မှာ (၁၅) မိနစ်လောက် အချိန် ရှာမရနိုင်ဘူးလား ???

ည အလင်္ကာ
Ref : http://golden-land-myanmar-mm.blogspot.com/
Reactions:

Post a Comment

 
Top