ယခုအခါ Android OS အသုံးပြု မိုဘိုင်း ပစ္စည်းများသည် Harware ပိုင်းဆိုင်ရာ System များ ကွာခြားမှုကျဉ်းမြောင်းလာသောကြောင့် ရွေးချယ်ဝယ်ယူရာတွင် ခက်ခဲလာပါသည်။ထို့ ကြောင့် Android ဖုန်း အသစ်ဝယ်မည့် သူငယ်ချင်းများအတွက် မည်သည့် Brand အမျိုးအစားများ ကို ရွေးချယ် စဉ်းစားရန်အတွက် Brand အလိုက် အဓိက အရေးကြီးသော မှတ်သားဖွယ်ရာ အချက်များကိုဖော်ပြလိုက်ပါသည်။

Huawei
-ဈေးနှုန်းချိုသာခြင်းကြောင့်လူကြိုက်များသည်။
-Huaweiသည် မြန်မာ့ဆက်သွယ်ရေးနှင့် Partner ဖြစ်သည့်အပြင် Huawei Handset များသည် မြန်မာ့ Mobile Network များနှင့် လျှောညီအောင်ပြုလုပ်ထားသည်ဟုဆိုသည်။
-နောက်ပိုင်းထွက် Hanset များတွင် နည်းပညာ ပိုင်း ပိုမိုမြင့်လာပြီး နိုင်ငံတကာဈေးကွက်တွင်ပင်နေရာရှိလာရန် ကြိုးပမ်းလာ။
-စပိန် ဘောလုံး ကလပ်အသင်းတစ်သင်း ဖြစ်သည့် အက်တလက်တီကိုမက်ဒရစ် အသင်းနှင့် အကျီင်္ စပွန်ဆာ စာချုပ်ချုပ်ဆိုထား။
-သတိပြုရန် Huawei တွင် Touch ပိုင်းဆိုင်ရာ ပြဿနာမှာ Series အလိုက် တဖြည်းဖြည်း လိုက်တက်။

HTC

-Design ပိုင်းကောင်းမွန်ပြီး Android OS နှင့်အတူကျော်ကြားလာခဲ့။
-သို့ သော် ယခုအခါ ကျဆင်းနေသော HTC ၏  Image ကို ပြန်လည်ဆယ်ယူရန်အတွက် Beat By Dre နှင့် မင်္ဂလာဆောင်ထား။
-HTC ဖုန်းတစ်လုံး ရောင်းချလို့ ရသည့် အခါတိုင်း HTC မှ Apple သို့  ၈ ကျပ်ပေးရ။ထိုကဲ့သို့ ပေးရမည်မှာ ၁၀ နှစ်သဘောတူ စာချုပ်ဖြစ်။
-HTC ၏ CEO မှာ မြန်မာပြည်ဖွားတစ်ဦးဖြစ်။
-သတိပြုရန်မှာ Root လုပ်ရာတွင် အနည်းငယ် တိုင်ပတ်။

Samsung

-ကမ္ဘာ့ မိုဘိုင်းလောက ကို ပန်းသီးနှင့် အပြိုင် ချုပ်ကိုင်ရန် ရင်ဘောင်တန်းပြိုင်နေသူဖြစ်။
Galaxy Series နှင့် နာမည်ကျော်လာသလို Note Series များဖြင့်လည်း လူသိများလာ။
-ပေးရသောတန်ကြေးဖြင့် ညီမျှသော Device မျာကို သာထုတ်လုပ်။
-S4 ၏ ညီ ဖြစ်သူ S5 ကို မကြာမီ ထုတ်လုပ်သွားဖွယ်ရှိ။
-Touch ပိုင်းဆိုင်ရာအပြင် Screen Resolution လည်းကောင်းမွန်။
-မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ်များ ရှိခြင်း။

Nokia

-ယခင် အချိန်တုန်းက အလွန် နာမည်ကြီးသော Brand တစ်ခုဖြစ်။
-စနစ်တစ်ခုလုံးကို လုံးဝ ပြောင်းပြန်လှန်ပြီး အခြား နာမည်ကြီး Brand များကို အတွေ့ အကြုံ အရ အသာစီး ဖြင့်ယှဉ်ပြိုင်ရန် ကြိုးစားနေ။
-ယခု အခါ Windows Phone 8 ဖြင့် လက်တွဲ ကာ မိုဘိုင်း လောက သို့ အောင်မြင်မှုများရရန်တကျော့ပြန်ခြေလှမ်းလာပြီဖြစ်။

Sony

-ဒီဇိုင်းတည်ဆောက်ပုံ အဆန်းဆုံး အလန်းဆုံး ဖြစ်သည်။
ကင်မရာတွင်လည်း အခြား Pixel တူ မိုဘိုင်း Device များဖြင့် ယှဉ် လျှင် အလွန် သာလွန်။
-မင်းသားကြီး ဘွန်းကိုင်သည့် ဟန်းဆက်မှာ မည်သည့် အမျိုးအစားလည်း သိသည်မလော။

အခြား Brand များ ဖြစ်သော Lenovo နှင့် LG Mobile Device များလည်း မြန်မာ ပြည် ဈေးကွက်အတွင်းရရှိနိုင်။

Ref : Myanmar Play
 
credit: http://www.winkabarkyaw.net

Post a Comment

 
Top