လိုအပ်မယ်ဆိုရင် လေ့လာပြီး လုပ်ကြည့်ပါခင်ဗျ… Computer မလိုပါဘူး ဖုန်းထဲမှာတင် လုပ်သွားမှာပါ။ အရမ်းလည်း လွယ်ပါတယ်။
Root လုပ်နည်း
------------------
1- Download လုပ်ထားတဲ့ Root Zip File ကို SD Card ထဲ ထည့်ထားပါ။
2- ဖုန်းကိုပါဝါပိတ်​ပြီး Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပါ။
3- Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။
4- Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "update.zip" မှတဆင့် "samsung-root-and-busybox.zip ကို​ရွေး​ပြီး Install လုပ်​ပါ။
5- Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်ပါ။
ပုံမှန်အနေအထား ပြန်ရောက်ရင် Root လုပ်တာ အောင်မြင်ပါပြီ။
CWM တင်​နည်း
---------------------
1- Download လုပ်ထားတဲ့ CWM Zip File ကို SD Card ထဲထည့်​ထားပါ။
2- Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပါ။
3- Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။
4- Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "install zip from sd card" မှတဆင့် "GT-S5360_CWM.zip" ကို​ရွေး​ပြီး Install လုပ်​ပါ။
5- Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်ပါ။
ဖုန်းက ပုံမှအနေအထား ပြန်ရောက်လာရင် Samsung Galaxy Y GT-S5360 ကို CWM တင်​ခြင်း ပြီးဆုံးပါပြီ။
http://1mobilecorner.blogspot.com
Reactions:

Post a Comment

 
Top