တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ငွေသားတွေကို သုံးစွဲရာမှာ
အရင်လို လက်တွေနဲ့ထိတွေ့ကိုင်တွယ်စရာမလိုဘဲ လေလှိုင်းပေါ်ကနေတစ်ဦးကနေတစ်ဦးရောင်းသူဝယ်သူအချင်းချင်း ပေးချေနိုင်လာပါပြီ။

ဒီလိုပေးချေနိင်တဲ့ စနစ်ကို မြန်မာမိုဘိုင်း
Mobile Money လို့ခေါ်ပါတယ်။ ပေးပို့လို့တဲ့သူအချင်းချင်း မိုဘိုင်းဖုန်းနံပါတ်သိရုံနဲ့ အဆင်ပြေလွယ်ကူစွာ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

ငွေပေးချေရာမှာလည်း ဘဏ်တွေဖွင့်လှစ်ခြင်းမရှိတဲ့ဒေသတွေအထိ ငွေပေးပို့နိင်မှာပဲဖြစ်ပါတယ်။

Mobile Money ကို သုံးစွဲခြင်း အားဖြင့်

1.ငွေစက္ကူ အများအပြား ထိန်းသိမ်းရန်မလိုတော့ခြင်း

2.24/7 Service ရှိခြင်း (1212)

3.ငွေကြွေ မလိုတော့ခြင်း

4.ငွေသွင်း/ထုတ်ရန် ဘဏ်အထိသွားလာရသည့် အချိန်ကုန်သက်သာခြင်း

5.ဘဏ်မရှိသော ကျေးရွာလေးများအထိ ဖုန်းရှိရုံဖြင့်ငွေလွှဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါတယ်။

သုံးစွဲချင်တယ်ဆိုရင်တော့ အရင်ဦးဆုံးသူအတွက် အကောင့် သတ်သတ်ဖွင့်ရမှာဖြစ်ပြီး ထိုအကောင့်ထဲသို့ ငွေထည့်ပြီးမှ စာရင်းသွင်းခြင်းတို့ ကို လုပ်ဆောင်ရပါမယ်။

ထိုနောက်မှာတော့ ငွေလွဲပို့ရန်အတွက် PIN:code တစ်ခုရရှိမှာဖြစ်ကာ ထိုကုဒ်မှတစ်ဆင့် ငွေပေးပို့တဲ့ လူရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ကာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။


အဆိုပါ မြန်မာမိုဘိုင်းမန်းနီးနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာလိုပါက

 http://www.myanmarmobilemoney.com/ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။

 
Ref : Smart Pro Journal

Post a Comment

 
Top